ကမ္ဘာ့အဆင့်မီပြတိုက်၊ဟိုတယ်နှင့်အပန်းဖြေအိမ်များပါဝင်မည့် ကော့သောင်းတောင် စီမံကိန်းအား ငွေကျပ် ၁၀၅ ဘီလီယံရင်းနှှီးမြုပ်နှံမည်ဟုတင်ပြထားကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့ရှိ 1199 တောင်ပေါ် တွင်အဆိုပါစီမံကိန်းအားလုပ်ဆောင်မည်ဖြစ်ပြီးစီမံကိန်းအားကော့သောင်းတောင်စီမံကိန်းဟုအမည် ပေးထားကြောင်းသိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီးဒေသခံများအားဇူလိုင်လဒုတိယအပတ် တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ( EIA )အစီရင်ခံစာကိုလာရောက်ရှင်းလင်းခဲ့သည်ဟုသိရ သည်။
’’ စီမံကိန်းနှင့်ပတ်သက်ပြီးရှင်းလင်းပွဲကိုဒေသခံတွေကိုဖိတ်တယ်ဆိုပေမယ့်သူတို့ကိုကန့်ကွက် မယ့်သူတွေ၊ပြန်လည်မေးမြန်းမယ့်သူတွေဖိတ်ကြားထားတာမတွေ့ရဘူး၊အဲဒီနေရာကကျွန်တော်တို့ သိရသလောက်ဆိုရင် တပ်မတော်ဧရိယာနှင့်ဘိုးဘွားပိုင်ဆိုသူတစ်ဦးတို့သက်ဆိုင်နေတယ်လို့သိရ တယ်၊တာဝန်ရှိသူတွေနှင့်လူအနည်းငယ်လောက်ဖိတ်ပြီးလုပ်သွားတဲ့ပွဲပါ၊ကန့်ကွက်မယ့်သူ၊အပြန် အလှန်ဆွေးနွေးတဲ့သူမတွေ့လိုက်ရဘူးမြို့ထဲမှာတော့ဒေသခံများအကြားမှာဝေဖန်မှုတွေတော့ရှိနေ တယ်’’ ဟု အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည့်ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ကော့သောင်း တောင်စီမံကိန်းကို ရိုးမအုပ်စုနှင့်FMI တို့အဓိကဦးဆောင်ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး စီမံကိန်းကာလကို ၅ နှစ်သတ်မှတ်ထားကြောင်းသိရသည်။စီမံကိန်းတွင် ကမ္ဘာ့အဆင့်မီပြတိုက်၊ကြယ် ၃ ပွင့် (သို့မဟုတ် ) ကြယ် ၄ ပွင့်အဆင့်ရှိအခန်း ၇၀ ပါဝင်မည့်ဟိုတယ်၊ဗီလာအလုံး ၃၀ ၊ Holiday Home အပန်းဖြေအိမ် များလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။စီမံကိန်းနှင့်ပတ်သက်ပြီး Kawthaung Hill Development Ltd. ( KHDL ) စီမံကိန်းဒါရိုက်တာဦးသိုက်ထွန်းအောင်နှင့် မန်နေဂျာ ဒေါ်သွဲ့မျိုးထွဋ်တို့က ရှင်းလင်းပြော ကြားခဲ့သည်။
ကော့သောင်းတောင်စီမံကိန်း ကမ္ဘာ့အဆင့်မီပြတိုက်တွင် တနင်္သာရီတိုင်းဒေသကြီး၏ သမိုင်းကြောင်း၊မြိတ်ကျွန်းစုဒေသ၏အဏ္ဏဝါပြခန်းများ၊ဆလုံလူမျိုးတို့၏ယဉ်ကျေးမှုသမိုင်းကြောင်းတို့ ကိုအဓိကထားပြသထားမည်ဖြစ်ပြီးဒေသခရီးသွားလုပ်ငန်းကဏ္ဍကိုပါအထောက်အကူပြုရန်ရည်ရွယ် ထားကြောင်းကုမ္ပဏီတာဝန်ရှိသူများကပြောကြားခဲ့သည်။
’’ 1199 တောင်ကကော့သောင်းမှာ အမြင့်ဆုံး တောင်လို့ပြောလို့ရတယ်၊အေးရိပ်ငြိမ်ဘက်က တက်လို့လည်းရသလို ၃ မိုင်ဘက်ကလည်းတက်လို့ရ တယ်တောင်ပေါ်ကိုလူသွားလမ်း၊ မော်တော် ယာဉ်လမ်းနှင့် Cable ရထားလမ်းတွေလုပ်သွားမယ်၊ရေ ကူးကန်တွေလည်းပါဝင်မယ်လို့အခမ်း အနားမှာ ပြောတယ်၊နိုင်ငံတော်ကခွင့်ပြုမပြုတော့မသိရသေးဘူး’’ ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောကြားသည်။
1199 တောင်မှာ ကော့သောင်းမြို့ရှိရွှေပြည်စိုး ကျေးရွာအုပ်စု၊အေးရိပ်ငြိမ်ရပ်ကွက်၊ရွှေစင်ယော် ရပ်ကွက်၊အေးမြကန်သာရပ်ကွက်များတွင်ပါဝင်နေပြီး အဆိုပါတောင်ပေါ်ရှိမြေဧက ၁၉၆.၉၅၉ ဧကတွင်အကောင်ထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။စီမံ ကိန်းလုပ်ဆောင်ရာတွင်သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမည့်ပုံစံများ၊Resort များတည် ဆောင်ရာတွင်ဒေသ ထွက်ကုန်ကြမ်းများကိုသာအဓိကအသုံးပြုမည်ဖြစ်ကြောင်းကုမ္ပဏီဘက်မှ ပြောကြားထား ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
