မလေးရှားတွင် စွန့်ပစ်ပြာပုံပြိုကျကာ မီးလောင်ခံရသည့် မြန်မာလုပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားအခြေစိုက် ဒါနကုသလအသင်းက ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား လေးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးတို့မှာ လုပ်ငန်းခွင်အတွင်းရှိ စွန့်ပစ်ပြာပုံအား စုပုံနေစဉ် ပြာပုံမှာ ရုတ်တရက်ပြိုကျခဲ့ကြောင်း၊ ယင်းပြာပုံမှ ထွက်ရှိလာသော မီးလောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှင့် မြန်မာနိုင်ငံသားတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်ခံရသည့် ကျန်ရှိ မြန်မာလုပ်သားသုံးဦးမှာ ဆေးရုံတက်ရောက်ကုသနေစဉ် တစ်ဦးမှာ ထပ်မံသေဆုံးသွားခဲ့ကြောင်း၊ သေဆုံးခဲ့သူမှာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပါလှဲ့ကျေးရွာအုပ်စု၊ကွမ်းခြံကုန်းရွာဇာတိဖြစ်သော ကိုဖြိုးဝေထွဋ် (၃၀)နှစ် ဖြစ်ကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သူ ကိုဖြိုးဝေထွဋ်၏ရုပ်ခန္ဒာအား စူဘာရမ်ဂျာယာ ဆေးရုံအအေးတိုက်မှ ထုတ်ယူသယ်ဆောင်၍ ဘာရပ်ပစ်သုသာန်သို့ သွားရောက်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီရပ်ကွက် မြို့မ(၂) လမ်း ကျောင်းစု ဇာတိဖြစ်သော ကိုလွင်မိုးအောင် (၂၂နှစ်)သည် မလေးရှားနိုင်ငံ ကဒါ့ပြည်နယ် စူကိုင်းပသနီမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်ရင်း ကြိုးဆွဲချ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
