မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ်ဘရော်နီကာအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်းထောက်ပံ့လှူဒါန်းသွားမည်ဟု သူမက အသိပေးပြောကြားသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် သူမနေထိုင်ရာ ထိုင်းနိုင်ငံ၌ အလှူငွေကောက်ခံခြင်းများတွင်လည်း ပါဝင်ကူညီလျက်ရှိပြီး ၊ ယမန်နေ့ စက်တင်ဘာ (၁၇)ရက် အထိ ထိုင်းဘတ်ငွေ (၃၃,၅၀၀)ဘတ် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
“ဘရော်တို့ ရှမ်းတောင်ဘက်ရယ် ကယား(ကရင်နီ)ဒေသပေါ့နော်။ အဲ့ဒီဘက်တွေက ရောက်ရှိတဲ့သူတွေကမရှိဘူး။ နည်းနည်းခဲယဉ်းတာပေါ့။ ဘရော် ဒီကနေပြီးတော့ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ ဘရော့်ကိုချစ်တဲ့သူ ဘရော့်ကို ယုံကြည်တဲ့သူတွေ ပါဝင်ပြီးလှူဒါန်းနိုင်ပါတယ်။”ဟု ဆို သည်။
လှူဒါန်းလိုသူများအနေဖြင့် Vero Nika၏ လူမှုကွန်ယက်ဖေ့ဘွတ်စ်အကောင့် Comments တွင် ဘဏ်အကောင့်နံပါတ်ကို ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းရာမှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ၊ လက်ရှိတွင် အဆိုပါ ရေဘေးသင့်ဒေသများသို့ နယ်ပယ်အသီးသီးမှ အလှူ ရှင်များက သွားရောက်ထောက်ပံ့ကူညီလျက်ရှိသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
