အက်တမ် (ATOM) က မြန်မာနိုင်ငံတွင်းရှိ ရေကြီး ရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ Customer များအတွက် အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် စာတို SMS ပေးပို့ခွင့်များ လုပ်ဆောင်ပေးလျက်ရှိသည်။
အက်တမ် (ATOM) အနေဖြင့် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ Customer များအတွက် မိနစ် (၅၀၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတို SMS (၅၀၀) အခမဲ့ ပေးပို့ခွင့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
အက်တမ် (ATOM) မှပေးအပ်သည့် အခမဲ့ဝန်ဆောင်မှုများကို ရရှိနိုင်မည့် တိုင်းဒေသကြီး၊ မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ရှမ်းပြည်နယ် – ကလော၊ တာချီလိတ်၊ ကျိုင်းတုံ
မကွေးတိုင်းဒေသကြီး – စလင်း၊ ပွင့်ဖြူ
မန္တလေးတိုင်းဒေသကြီး – ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သား ၊ ပျော်ဘွယ်၊ ကျောက်ဆည်
နေပြည်တော် – တပ်ကုန်း၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရီ တို့ဖြစ်သည်။
အဆိုပါ ထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်ပြီး အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “အခုလို အရေးပေါ်အကြပ်အတည်းကာလမှာ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အက်တမ် (ATOM) က သိရှိနားလည်ပါတယ်။ ရေဘေးသင့်ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူ Customer တွေအနေနဲ့ သက်ဆိုင်ရာ အရေးကြီးသတင်းအချက်အလက်တွေ သိရှိနိုင်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့အတွက် စာတို SMS နဲ့ ဖုန်းခေါ်ဆိုမှုမိနစ်တွေကို အခမဲ့ ပေးအပ်ထားတာကြောင့် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) ကမျှော်လင့်ပါတယ်။ အခုလိုမျိုးအရေးပေါ် အခြေအနေတွေမှာ အက်တမ် (ATOM) က မြန်မာနိုင်ငံက လူမှုပတ်ဝန်းကျင် အတွက် လူသားချင်းစာနာမှုအထောက်အပံ့များနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်လက်ပြီး ပေးအပ်သွားဖို့လည်းရှိပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ် (ATOM) သည် ယခုကဲ့သို့အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ခြင်းအပြင် ရေဘေးသင့်ဒေသများသို့ အစားအစာ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ဇီးကောက်ဘုန်းတော်ကြီးကျောင်းသို့ ငွေသားပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
