လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များ အကူအညီများလိုအပ်နေကြောင်း သိရသည်။
“ဆေးပစ္စည်းတွေ လိုနေတယ်၊ ရေမသန့်တာတွေကြောင့် ယားနာတွေ ပေါက်နေတယ်၊ အနွေးထည်၊ အစာခြောက်တွေ အဓိကလိုနေတယ်” ဟု တောင်ကြီးမြို့မှ သွားရောက်ကူညီပေးနေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ် ပြူလာနယူးသို့ ပြောသည်။
လက်ရှိတွင် မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်သည့် ထမ်းအယ်ကျေးရွာ၌ တောင်ကျရေများကြောင့် လမ်းပျက်စီးနေပြီး သွားလာရခက်ခဲနေကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လမ်းများ အမြန်ပြန်လည်သွားလာနိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း စီစဉ်နေသည်ဟု သိရသည်။
“အခုလမ်းအခြေအနေနဲ့က အလှူရှင်တွေအတွက်လည်း လာဖို့မလွယ်ဘူး။ လမ်းက ကားတစ်စီးစာတောင် ထိန်းမောင်းမှရမယ်” ဟု အထက်ပါ ပရဟိတအသင်းကပင် ဆိုသည်။
မဲနယ်တောင်ပေါ်ဒေသတွင် ကျေးရွာများ၌ စက်တင်ဘာလ (၁၁)ရက်က စတင်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ခန့်မှန်းခြေ (၂၇၀) ကျော် ပျက်စီးခဲ့ကာ လူေ-သဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။
လက်ရှိတွင်လည်း တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ အဆိုပါအပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်မည်ဟု မိုး/ဇလ က ယနေ့အသိပေးထားပြီး နေပြည်တော်၊ မန္တလေး၊မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တင်္နသာရီ၊ရှမ်း ၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်းအသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
