မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Pager များပေါက်ကွဲမှုတွင် အစ္စရေးတို့တာဝန်ရှိကြောင်း လက်ဘနွန်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းခန့်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အနီးတဝိုက်တွင် Pager များပေါက်ကွဲမှုကြောင့် တစ်နာရီအတွင်း ကလေ-းငယ်တစ်ဦးအပါအဝင် လူ ၈ ဦးထက်မနည်းေ-သဆုံးခဲ့ပြီး လူပေါင်း ၂၈၀၀ ခန့် ဒဏ်ရာရခဲ့ခြင်းနှင့်ပတ်သက်၍ “လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတဲ့ အစ္စရေးရဲ့ ရာဇဝတ်ကျူးကျော်မှုကို အစိုးရအဖွဲ့က တညီတညွတ်တည်း ရှုတ်ချပါတယ်” ဟု လည်း ယင်းဖြစ်ရပ်အပြီးပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် လက်ဘနွန်ဝန်ကြီးချုပ် Najib Mikatiက ပြောကြားခဲ့သည်။
လက်ဘနွန်အစိုးရသည် ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ယူရေးအတွက် အစ္စရေးကို တောင်းဆိုရန် ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကို ဆက်သွယ်ထားကြောင်းကိုလည်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အစ္စရေးကမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှမပေးသေးချေ။
Pager ဆိုသည်မှာ အချင်းချင်းဆက်သွယ်ရာတွင် လက်ကိုင်ဖုန်းများ မပေါ်ခင် အသုံးပြုခဲ့ကြသော အသေးစားဆက်သွယ်ရေးပစ္စည်းငယ်တစ်ခုဖြစ်ပြီး၊ စာတိုမက်ဆေ့များလည်း ပို့ပေး၍ရသည်။ ယခု Pager များပေါက်ကွဲမှုသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်း ဒါဟီယေး(Dahiyeh)တွင် ယမန်နေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သည်။ ယင်းဒေသသည် ဟစ်ဇဘိုလာအများစု နေထိုင်ကြသော ဒေသဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်သော Pager များသည် တိုင်ဝမ်နိုင်ငံ အခြေစိုက် Gold Apollo ကုမ္ပဏီမှ ပြုလုပ်သည့် Pager များဖြစ်ကြပြီး၊ မကြာသေးမီ လများအတွင်း ဟစ်ဇဘိုလာတို့အတွက် ဝယ်ယူတင်သွင်းထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်အချို့က ဆိုကြသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
