ရေလွှမ်းမိုးလျက်ရှိသည့် ပုံးအင်းဒေသ ကျေးရွာ(၄)ရွာသို့ ယမန်နေ့ စက်တင်ဘာ (၁၇)ရက်က တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းဆရာတော်မှ ဦးဆောင်၍ တောင်ကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က လိုအပ်သော စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံတစ်ဦးကပေါ်ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ ကျေးရွာ(၄)ရွာဖြစ်သည့် နောင်စန့်ရွာ၊ ကုန်းသာရွာ၊ ဝမ်ပုံရွာနှင့် ဖတ်ကုမ်ရွာရှိ ဒေသခံများထံသို့ ကူညီခဲ့ကြခြင်းဖြစ်ပြီး၊ အခြားသော ကျေးရွာများရှိ ရေဘေးသင့်ပြည်သူအချို့မှာလည်း ဆီဆိုင်မြို့ ကက္ကူကျောင်းတိုက်သို့ တိမ်းရှောင်ခိုလှုံနေကြရကြောင်း သိရသည်။
“ဝေဠုဝန်ကျောင်းဆရာတော် ဦးဆောင်ပြီး တောင်ကြီး ရှမ်းစာပေနဲ့ ယဉ်ကျေးမှုက လူငယ်တွေ သွားလှူကြပါတယ်။ ရေက တက်နေသေးတော့ စားနပ်ရိက္ခာတွေရော အဝတ်အထည်တွေရော အကုန်သယ်ချိန်မရကြဘူး။ အဓိကလိုအပ်နေတာက စားနပ်ရိက္ခာနဲ့ သောက်ရေသန့်ပါ”ဟု တောင်ကြီးမြို့ ဒေသခံလူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဦးကပြောသည်။
အဆိုပါ ပုံးအင်းဒေသတွင် ကျေးရွာပေါင်း(၁၀၀)နီးပါး ရှိပြီး၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား အသက်မွေး ဝမ်းကျောင်းပြုကြကာ နာမည်ကျော် နောင်မွန်ဆန် ထွက်ရှိရာ ဒေသလည်းဖြစ်သည်။
ထို့အပြင် ဆရာတော်ဦးဆောင်သည့်အဖွဲ့သည် ဆီဆိုင်မြို့ ကက္ကူကျောင်းတိုက်သို့ ရောက်ရှိတိမ်းရှောင်နေသော ပုံးအင်းဒေသရှိ ပန်လွန်ရွာ၊ တွန်မုန်ရွာနှင့် ဆိုင်လဲရွာရေဘေးသင့်ပြည်သူများကိုလည်း စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
ပုံးအင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ဆန်စပါးထွက်ရှိရာ အရပ်ဖြစ်ပြီး ယခုနှစ်အတွင်း (၃)ကြိမ်မြောက် ရေကြီးရေလျှံဖြစ်ပွားမှုကို ခံစားခဲ့ရခြင်းဖြစ်သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
