မြောက်ကိုရီးယားသည် ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၈) တွင် တာတိုပစ် ဒုံးကျည် အမြောက်အများ ပစ်လွှတ်ခဲ့ရာ ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်သို့ ကျရောက်ခဲ့သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြောကြားလိုက်သည်။ ပြုံယမ်းသည် ယူရေနီယံသန့်စင် စက်ရုံကို ထုတ်ပြခဲ့ကာ နိုင်ငံ၏ နျူကလီးယားထိပ်ဖူးအရေအတွက်ကို တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ လက်နက်ပစ်လွှတ်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်။
မြို့တော်ပြုံယမ်း မြောက်ဖက်ရှိ ကေချွန်းဒေသမှနေ၍ ယနေ့နံနက် ဒေသစံတော်ချိန် ၆း၅၀ နာရီတွင် ဒုံးကျည်များကို အရှေ့မြောက်အရပ်သို့ ဦးတည်ကာ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး(JCS) က ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အရေအတွက်ကို မဖော်ပြဘဲ ပြောဆိုခဲ့သည်။
မိမိတို့ စစ်တပ်အနေဖြင့် နောက်ထပ် ပစ်လွှတ်မှုများအတွက် ပြင်ဆင်နေမှုတွေကို အထူး သတိထား ထောက်လှမ်းစောင့်ကြည့်နေကာ အပြည့်အ၀ အသင့်ပြင်ဆင်ထားကြောင်းနှင့် အမေရိက၊ ဂျပန်တို့နှင့် သတင်းအချက်အလက်မျှဝေမှုများကို အနီးကပ်လုပ်ဆောင်နေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
ပထမဆုံး ဒုံးကျည် ပစ်လွှတ်ခဲ့အပြီး မိနစ် ၃၀ ခန့်အကြာတွင် မြောက်ကိုရီးယားသည် နောက်ထပ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင့်နှင့် ဒုံးကျည်များသည် ပျက်-ကျသွားခဲ့ပုံရကြောင်း ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ပြောဆိုသည်။
အမေရိက၏ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ကလည်း ဒုံးကျည်ပစ်လွှတ်မှုများကို သတိပြုမိကြောင်းနှင့် ဆိုးလ်၊ တိုကျိုတို့နှင့် အနီးကပ် တိုင်ပင်ဆွေးနွေးမှုများလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် နှစ်လကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က တာတိုပစ် ပဲ့ထိန်းဒုံးများကို ပစ်လွှတ်ခဲ့ပြီး ယင်းသည် ၆၀၀ မီလီမီတာ အစုလိုက်ပစ် ရော့ကက်စနစ်သစ်ကို စမ်းသပ်ခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုသည်။
ယခု ပစ်လွှတ်မှုများသည် ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်နေစဉ်ကာလတွင် ရုရှားသို့ တင်ပို့မည့် လက်နက်များအတွက် စမ်းသပ်ခြင်းဖြစ်နိုင်သည်ဟု JCS က ပြောဆိုခဲ့သည်။
Ref: THE EDGE
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
