စပါးတိုက်စစ်တွင် ခြေစွမ်းပြနေသည့် တွဲဖက် ဆွန်ဟောင်မင်နှင့် ဟာရီကိန်းတို့၏ စွမ်းဆောင်ရည်အတွက် စပါးအသင်းနည်းပြ မော်ရင်ဟိုက နည်းပြဟောင်း ပိုချက်တီနိုကို ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။
ဘန်လေအသင်းအားအဝေးကွင်းတွင် (၁-၀)ဂိုးဖြင့် စပါးအသင်း အနိုင်ရရှိခဲ့သည့်ပွဲတွင် ၇၆ မိနစ်၌ ဟာရီကိန်း ခေါင်းတိုက်ချပေးသည့်ဘောလုံးမှတစ်ဆင့် ဆွန်ဟောင်မင်က ထပ်မံခေါင်းတိုက်ကာ အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ဆွန်ဟောင်မင်နှင့် ဟာရီကိန်းသည် ပရီးမီးယားလိဂ်တွင် ပူးပေါင်းဂိုးသွင်းယူမှု(တစ်ဦးဂိုးသွင်းယူရန် ကျန်တစ်ဦးက ဖန်တီးပေးခြင်း)မှာ ၂၉ ဂိုးအထိရှိလာပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအများဆုံး ဖြစ်လာခဲ့သည်။ ချယ်လ်ဆီးတွဲဖက် ဒရော့ဘာနှင့် လမ်းပတ်တို့က ၃၆ ဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဆွန်ဟောင်မင်နှင့် ဟာရီကိန်းတို့က အွန်နရီနှင့် ရောဘတ်ပီရက်စ်၊ ဒေးဗစ်ဆေးလ်ဗား နှင့် အဂွဲရိုးစသည့်အတွဲများနှင့်အတူ ပူးတွဲရပ်တည်နေခြင်းဖြစ်သည်။
"ဒီတိုက်စစ်က မော်ရီစီယို(ပိုချက်တီနို)ကိုင်တွယ်တဲ့ ကာလကတည်းက ဖြစ်တည်လာခဲ့တယ်ဆိုတာ နားလည်ပါတယ်။ အခုချီးကျူးခံရမှုအားလုံးကို ကျွန်တော်တစ်ယောက်တည်း မလိုချင်ပါဘူး။ မော်ရီစီယိုနဲ့ မျှဝေလိုပါတယ်။ သူတို့ဟာ အချိန်ကာလတစ်ခုကြာ အတူလက်တွဲခဲ့တာဖြစ်ပါတယ်။ ခြားနားမှုတစ်ခုတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာရီက No.9 Role နေရာမှာ အမြဲတမ်းမကစားခဲ့ပါဘူး"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
