One Championship က အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် Inside The Matrix ပြိုင်ပွဲတွင် ပရိသတ် ၂၅၀ ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း စင်ကာပူအခြေစိုက်မီဒီယာများက ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပထမဆုံးပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ပြုမည့် MMA ပြိုင်ပွဲဖြစ်ပြီး အားကစားရုံတွင် ဝင်ဆံ့သည့် ပရိသတ်အရေအတွက်ထက် နည်းပါးသည့်ဦးရေသာ ကြည့်ရှုခွင့်ပြုမည်ဖြစ်သည်။ ယခင်က ယင်းပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပရန် စီစဉ်ထားသော်လည်း စင်ကာပူ အစိုးရ၏ ခွင့်ပြုချက်အရ ပရိသတ်အနည်းငယ်ကြည့်ရှုခွင့်ရရှိခြင်းဖြစ်သည်။
သို့သော် လာရောက်ကြည့်ရှုအားပေးမည့် ပရိသတ်များကို ပြိုင်ပွဲမတိုင်ခင် COVID-19 ရောဂါ ပိုးရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး ရောဂါပိုးမရှိမှသာ ဝင်ရောက်ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ One Championship အနေဖြင့် ယင်းပြိုင်ပွဲ အတွက် လက်မှတ်တစ်စောင်လျှင် စင်ကာပူ ၁၄၈ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင်လည်း ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
One Championship သည် ဖေဖော်ဝါရီတွင် ကျင်းပသည့်ပြိုင်ပွဲများတွင်သာ ပရိသတ်ဖြင့် နောက်ဆုံးကျင်းပနိုင်ခဲ့ပြီး ဇွန်လ နောက်ပိုင်း ပြန်လည်ကျင်းပသည့်ပြိုင်ပွဲများ တွင် ပရိသတ်မပါဘဲ ပြုလုပ်နေရခြင်းဖြစ်သည်။ One Championship သည် စင်ကာပူအစိုးရ၏ ခွင့်ပြုချက်အရ ပရိသတ်များဖြင့် ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပြီး လာမည့်ပြိုင်ပွဲများတွင်လည်း ပရိသတ်ဖြင့် ကျင်းပနိုင်ရန် ဆောင်ရွက်သွားဖွယ်ရှိနေသည်။ Inside The Matrix ပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ Singapore Indoor Stadium ၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ် ၁၂၀၀၀ ဝင်ဆံ့သည့် အားကစားရုံလည်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံကာကွယ် ပွဲလေးပွဲ၊ စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ အောင်လအန်ဆန် နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ ခရစ္စတီယန်လီ နှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ မာတင် ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်းကမ္ဘာ့ချန်ပီယံလု ပွဲအဖြစ် ချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်ပြီး စိန်ခေါ်ပွဲများအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးစိန်ခေါ်ပွဲအဖြစ် ရီတူ ဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
