အောက်တိုဘာလ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝက်စ်ဟမ်း(၁-၁)မန်စီးတီးပွဲ စဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးသည် တစ်လခန့် အနားယူရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အောက်တိုဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သော မာဆေးလ်နှင့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင်လည်း အဂွဲရိုး၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အတည်ပြုပြောကြားခဲ့သည်။ "သူဟာ အကောင်းဆုံး အခြေအနေမှာ မရှိဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒူးဒဏ်ရာကြောင့် လေးလ သို့မဟုတ် ငါးလလောက် နားနေခဲ့သူတစ်ယောက်ဟာ ဒဏ်ရာက သက်သာလာပြီး ပြန်ကစားချိန်မှာ အမြဲတမ်းစွန့်စားရပါတယ်။ အခုအနားယူရမှုက အနည်းဆုံး ၁၀-၁၅ရက်လောက် ဖြစ်လိမ့်မယ်။ သုံးပတ်ကနေ တစ်လလောက် အထိလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
အဂွဲရိုးသည် ၂၀၂၀ ခုနှစ်အတွင်း သုံးကြိမ်မြောက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒဏ်ရာပြဿနာများနှင့် မကြာခဏရင်ဆိုင်နေရခြင်းမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် မရေမရာပိုဖြစ်လာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ဂွါဒီယိုလာကလည်း အဂွဲရိုးအနေဖြင့် စာချုပ်သက်တမ်းတိုးရန်အတွက် ထိုက်တန်သည့် စွမ်းဆောင်မှုပြသရန် လိုအပ်သည်ဟု မကြာသေးမီက လူသိရှင်ကြား သတိပေးခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
