အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က မိမိအနေဖြင့် အသင်းတွင် ပျော်ရွှင်နေသော်လည်း အနာဂတ်ကို ကြိုမသိနိုင်ကြောင်း ပြောကြားခဲ့သည်။
လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်ခဲ့သူ ဖြစ်သည်။
အင်တာမီလန်အတွက် ယခုရာသီ စီးရီးအေ (၅)ပွဲတွင် (၃)ဂိုး သွင်းယူထားသူ လော်တာရိုမာတီနက်ဇ်က လက်ရှိတွင် မိမိအနေဖြင့် အသင်းအတွက် အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။
လော်တာရိုမာတီနက်ဇ်က "ခြေစွမ်းပိုမိုတိုးတက်ဖို့အတွက် ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော်ဟာ အင်တာမီလန်အသင်းရဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးချင်ပါတယ်။ အခု အင်တာမီလန်မှာ ကျွန်တော် ပျော်ရွှင်နေပြီး ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး"ဟု ပြောကြားခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
