မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းကစားသမားသစ် ဗန်ဒယ်ဘိခ်မှာ ယခုရာသီတွင် အသင်းအတွက် အလွန်အရေးကြီးသည့် ကစားသမားဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အသက် (၂၃)နှစ်အရွယ် အေဂျက်စ်အသင်းမှ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဗန်ဒယ်ဘိခ်သည် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ရှိအချိန်ထိ ပွဲထွက်ကစားခွင့်မရသေးဘဲ အရန်အဖြစ်သာ ကစားနေခဲ့ပြီး ယင်းအတွက် ဝေဖန်မှုများ ရှိနေသည်။
ဆိုးလ်ရှားကမူ ဗန်ဒယ်ဘိခ်မှာ ပရီးမီးယားလိဂ်သို့ ယခုရာသီတွင်မှ ရောက်ရှိလာသည့်အတွက် အထိုင်ကျရန်အချိန်ယူရမည်ဖြစ်ပြီး အသင်းအတွက် အရေးပါသူဖြစ်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက "ဗန်ဒယ်ဘိခ်က နယ်သာလန်လိဂ်ကနေ ဒီရာသီမှာမှ ရောက်ရှိလာတာပါ။ မတူညီတဲ့ လိဂ်တစ်ခုမှာ အထိုင်ကျဖို့ အချိန်ယူရပါတယ်။ သူ့အနေနဲ့ ကစားခွင့်ရတဲ့အချိန်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာ တခြားကစားသမားတွေလည်း ရှိပါတယ်။ ဒါကြောင့် ပွဲတိုင်းတော့ ဗန်ဒယ်ဘိခ်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဗန်ဒယ်ဘိခ်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာတွေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဗန်ဒယ်ဘိခ်ဟာ ဒီရာသီမှာ အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမား ဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။
ဗန်ဒယ်ဘိခ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲကစားထားပြီး (၁)ဂိုး သွင်းယူထားသည်။ ၎င်းသည် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း ယင်း(၄)ပွဲစလုံး လူစားဝင်အဖြစ်သာ ကစားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
