ယနေ့တွင် ဘာစီလိုနာအသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရမည့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၄-၂-၄ ကစားကွက်ကို အသုံးပြုသင့်သည်ဟု အသင်းဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုက အကြံပြုခဲ့သည်။
ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပွဲဦးထွက်တွင် ပြိုင်ဘက်အသင်းများလည်း အသီးသီးအနိုင်ရခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပြည်တွင်းအမှတ်ပေးပွဲများတွင်မူ နိုင်ပွဲပျောက်ဆုံးခဲ့ကြသည်။
Sky Sports ရုပ်သံက မေးမြန်းမှုတွင် ဒယ်လ်ပီယာရိုက "ပီယာလိုအနေနဲ့ အဖြေကို ရှာဖွေနေမှာပါ။ ပြိုင်ဘက်အသင်းအနေအထားအရ သူ့အနေနဲ့ အသင်းကို ပြောင်းလဲရမှာဖြစ်တယ်။ ဒါဟာ ခြွင်းချန်နေစရာလည်း မလိုပါဘူး။ သူ့အနေနဲ့ အသင်းပုံစံကို ပြောင်းလဲရပါလိမ့်မယ်။ ဂျူဗင်တပ်စ်အသင်းရဲ့တောင်ပံတွေမှာ ဒီယန်(ကူလူဆက်ဗ်စကီး)နဲ့ ဖက်ဒရီကို(ခီယေဆာ)တို့လို အလားအလာ အများကြီးရှိတဲ့ ကစားသမားတွေရှိပြီး သူတို့ က ခြေထဲမှာ ဘောလုံးရောက်ချိန် တစ်ဦးချင်းကို ဖိအားပေးနိုင်သူတွေပါ။ ကျွန်တော်တို့က ဗဟိုကွင်းလယ်လူ(၂)ဦးနဲ့ ကစားနိုင်တဲ့အနေ အထားရှိပြီး ၄-၂-၄ ပုံစံကိုတောင် အသုံးပြုနိုင်ပါတယ်။ တိုက်စစ်မှာ စွမ်းရည်ပြည့်သူတွေ အများအပြားရှိရင် ၄-၂-၄ စွန့်စားခန်းက ရှေ့မှာ လွတ်လပ်စွာ ပိုကစားနိုင်ပြီး အသင်းကို ပိုတောင့်တင်းစေပါတယ်"ဟု ပြောကြားခဲ့သည်။
ဒယ်လ်ပီယာရိုက ကူလူဆက်ဗ်စကီးကို ညာ၊ ခီယေဆာကို ဘယ်တောင်ပံတွင်ထားပြီး ဗဟိုတိုက်စစ်မှူးများအဖြစ် မိုရာတာ-ဒီဘားလားတို့ကို
အသုံးပြုစေလိုခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
