ရီးယဲလ်ကွင်းလယ်လူ တိုနီကရို့စ်က မိမိတို့အသင်းသားအနေဖြင့် နည်းပြ ဇီဒန်းအပေါ် ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ကာဒစ်ဇ်နှင့် ရှက်တာဒိုးနတ်တို့ကို (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းကြောင်း အသင်းနည်းပြ ဇီဒန်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် ဇီဒန်းက မိမိတို့အနေဖြင့် နည်းပြ ဇီဒန်းအပေါ် သံသယမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇီဒန်းက "ကစားသမားတွေအနေနဲ့ နည်းပြ ဇီဒန်းအပေါ် လုံးဝသံသယ မရှိပါဘူး။ ကျွန်တော်တို့ အတူတူ နိုင်ပွဲတွေရခဲ့သလို၊ အတူတူ ရှုံးနိမ့်ခဲ့ကြပါတယ်။ အားလုံးအတူတူပါပဲ။ ကျွန်တော်တို့အနေနဲ့ ဇီဒန်းအပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် တိုနီကရို့စ်က မိမိအား ခေါ်ယူရန် ကမ်းလှမ်းမှုရှိသော်လည်း ရီးယဲလ်အသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးလိုကြောင်းလည်း ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ တိုနီကရို့စ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
