မန်စီးတီးအသင်း၏ တိုက်စစ်မှူး အဂွဲရိုးသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် မာဆေးလ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲကိုသာမက လီဗာပူးလ်နှင့်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
အသက်(၃၂)နှစ်ရှိပြီဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ဒူးဒဏ်ရာကြောင့် (၃)လကျော် အနားယူနေခဲ့ရရာမှ အာဆင်နယ်နှင့်ပွဲတွင်မှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ပြီး အနည်းဆုံး(၂)ပတ်ခန့် အနားယူရမည်ဖြစ်၍ လီဗာပူးလ်နှင့် အရေးကြီးပွဲကိုပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် လာမည့်ရက်ပိုင်းအတွင်း ပွဲကျပ်များဆက်တိုက် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး လီဗာပူးလ်နှင့်ပွဲကို နိုဝင်ဘာ(၈) ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မန်စီးတီးအသင်းက အဂွဲ ရိုး၏ ဒဏ်ရာကို (၂)ပတ်ခန့် အနားယူရရန်သာ မျှော်လင့်ထား သော်လည်း ဗြိတိန်မီဒီယာများကမူ တစ်လခန့် အနားယူရနိုင်သည်ဟု သုံးသပ်ထားသည်။ အဂွဲရိုး၏ ဒဏ်ရာပြဿနာနှင့် ပတ်သက်၍ မန်စီးတီးနည်းပြ ဂွါဒီယိုလာက "အာဆင်နယ်နဲ့ ပွဲမှာ သူ့ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံးပုံစံ မရှိသေးပေမယ့် တိုက် စစ်မှူး မရှိတာကြောင့် မိနစ်(၆၀)လောက် သုံးခဲ့ရပါတယ်။ ဂရုတစိုက်လည်း အနားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာထပ်ရခဲ့ပါတယ်။ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့ သည်။
အဂွဲရိုးသည် ၂၀၂၀ ခုနှစ်အတွင်း (၃)ကြိမ်မြောက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်နေရခြင်းမှာ အသင်းနှင့် စာချုပ်သက်တမ်း တိုးရန်အတွက် မရေမရာပိုဖြစ်လာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
