မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် ဆင်းရဲချို့တဲ့သည့်လူငယ်များကို ကူညီရန်အတွက် ဖောင်ဒေးရှင်းတည်ထောင်မည်ဖြစ်ကြောင်း သိရသည်။
စတာလင်သည် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သည့်လူငယ်များကို အကူအညီပေးရန် ဆန္ဒရှိနေပြီး ၎င်း၏ဖောင်ဒေးရှင်းအနေဖြင့် တက္ကသိုလ်ပညာသင်ဆုအပါအဝင် အလုပ်အကိုင်ရရှိရေးအတွက်ပါ ကူညီဆောင် ရွက်ပေးမည်ဖြစ်သည်။
''ဒါက ဘာလုပ်နိုင်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတာရဲ့ အဆုံးသတ်ပါပဲ။ အခု ကျွန်တော်က ကိုယ်လုပ်နိုင်တာတွေ ကို နေရာချဖို့ ကြိုးစားနေပါတယ်။ ဒီအစီအစဉ်က လူငယ်တွေကို ကျွန်တော့်လိုအခြေအနေမျိုးဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။ သူတို့တက်ချင်တဲ့ တက္ကသိုလ်တက်ခွင့်ရဖို့၊ လိုအပ်နေတဲ့ ဘောလုံးအသုံးအဆောင်တွေအပါအဝင် တခြားအရာတွေအတွက် ကျွန်တော်က အကူအညီပေးတဲ့လက်တစ်စုံ ဖြစ်ချင်တာပါ။ ဒီလိုသန်းနဲ့ချီပြီး ပိုင်ဆိုင်ထား တဲ့အတွက် စိတ်ရှုပ်စရာမရှိပါဘူး။ ကိုယ်က အကူအညီပေးနိုင်တာကို မြင်ရရင်ပဲ ပျော်ပါပြီ။ ငါးယောက်ပဲဖြစ်ဖြစ်၊ တစ်ယောက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျွန်တော်က တစ်စုံတစ်ယောက်ကို ကူညီပေးတာမျိုး ခံစားချင်လို့ပါ''ဟု စတာလင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
