ပြင်သစ်နိုင်ငံ၏ သမ္မတဖြစ်သူ အီမန်နျူရယ်မာခရွန်က အကြမ်းဖက်မှုများနှင့် ဘာသာရေး၏ ဆက်စပ်သည့်သုံးသပ်ချက်မျိုးကို ပြောကြားခဲ့ခြင်းကြောင့် ပြင်သစ်လက်ရွေးစင်အသင်း၏ ကွင်းလယ်လူ ပေါ့ဘာသည် လက်ရွေး စင်ကစားသမားဘဝမှအနားယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ပေါ့ဘာက သတင်းအမှားများသာဖြစ်သည်ဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရသည့် ဖြစ်ရပ်တွင် ဘာသာရေးဆိုင်ရာ အစွန်းရောက်အယူသီးမှု၏ အကျိုးဆက်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ယင်းအပေါ် ပြင်သစ်သမ္မတ မာခရွန်က လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်နှင့် ဘာသာတရားအပေါ် လွတ်လပ်စွာကိုးကွယ်ခွင့်၊ မကိုးကွယ်ခွင့်တို့ရှိကြောင်းကိုလည်း မှတ်ချက်ပြု ပြောကြားခဲ့ပြီး၊ ဘာသာရေးအစွန်း ရောက်သတ်ဖြတ်ခဲ့သူများကိုလည်း ဝေဖန်ခဲ့သည်။
ထို့ပြင် ပြင်သစ်အစိုးရက အသတ်ခံခဲ့ရသည့် ကျောင်းဆရာကိုလည်း ဂုဏ်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်။
ကျောင်းဆရာတစ်ဦးဖြစ်သူ ဆမ်မြူရယ်ပါတေသည် လွတ်လပ်စွာ ပြောဆိုခွင့်၏ အရေးပါပုံအကြောင်းကို ရှင်းပြခြင်းကြောင့် ကျောင်းခန်းတွင်း ပြဿနာဖြစ်ပွားခဲ့ကာ နောက်ပိုင်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ပြင်သစ်အစိုးရက ၎င်းအား ပြင်သစ်နိုင်ငံ၏ နိုင်ငံသားများဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ သမ္မတမာခရွန်က ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး ''ဘာသာရေးအစွန်းရောက်သတ်ဖြတ်မှု''အဖြစ် ခေါင်းစဉ်တပ်ကာ ဘာသာတရားအပေါ် ထိပါးသည်ဟု ပေါ့ဘာက ယူဆသည့် စကားလုံးအချို့ကို ပြောဆိုခဲ့ကြောင်းလည်း မီဒီယာများက ဆိုသည်။
ယင်းအတွက်ကြောင့် ပေါ့ဘာသည် အချို့သောအစွန်းရောက်များ၏ လုပ်ရပ်အတွက် ဘာသာတရားအပေါ် ဝေဖန်ခြင်းကို မကျေမနပ်ဖြစ်ကာ ပြင်သစ်လက်ရွေးစင်အသင်းမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ပေါ့ဘာက ဘာသာတရားကြောင့် သူသည် ပိုမိုကောင်းမွန်သည့် လူသားတစ်ဦးဖြစ်လာခဲ့သည်ဟု ၂၀၁၉ ခုနှစ်က ပြောကြားခဲ့ဖူးပြီး၊ ဘာသာတရားက ငြိမ်းချမ်းမှုကိုသာ သင်ကြားပြသသည်ဟုလည်း ပြောဆိုခဲ့ဖူးသည်။
ယင်းသတင်းများ၏ မူလအရင်းအမြစ်သည် ပေါ့ဘာကိုယ်တိုင်ထံမှ မဟုတ်သလို၊ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ တရားဝင်ထုတ်ပြန်မှုလည်းမဟုတ်ဘဲ အရှေ့ အလယ်ပိုင်းမီဒီယာများထံမှ အဓိက ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
BBC ၏ Asian Network ကလည်း ပေါ့ဘာသည် မာခရွန်၏ မှတ်ချက်စကားအတွက် လက်ရွေးစင်ကစားသမားဘဝမှ နုတ်ထွက်ရန်စီစဉ်ခဲ့ခြင်းမှာ မှန်၊ မမှန် ဒီဘိတ်တစ်ခု ပြုလုပ်ခဲ့ရာတွင် ဝင်ရောက်မှတ်ချက်ပေးခဲ့သူတစ်ဦးက
''ပြင်သစ်သမ္မတ မာခရွန်က စီးပွားရေး ပြဿနာတွေ၊ အကျပ်အတည်းတွေအတွက် ဝေဖန်မှုတွေ ခံနေရသူဖြစ်ပြီး၊ လမ်းလွှဲချင်တဲ့အတွက် ဘာသာရေးကို ပြန်လည်အသုံးချခဲ့တာပါ။ ပေါ့ဘာက လက်ရွေးစင်အသင်းက တကယ်နုတ်ထွက်လိုက်ပြီဆိုရင်လည်း ဒီဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်''ဟု ဆိုထားကြောင်း သိရှိရသည်။
သို့သော် ပေါ့ဘာသည် Instagram တွင် တနင်္လာနေ့က Unacceptable Fake News သူသည့်စာသားကို ရေးသားကာ လက်ခံနိုင်စရာမရှိသည့် သတင်းအမှားသာ ဖြစ်သည်ဟု တုံ့ပြန်ကာ ငြင်းဆိုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
