အဲဗာတန်အသင်း၏ နည်းပြ ဖြစ်သူ အန်ဆယ်လော့တီက ဆောက်သမ်တန်အသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်း၏နောက်ခံလူ ဒစ်ဂ်နေး အနီကတ်အပြခံခဲ့ရခြင်းအပေါ် အယူခံဝင်မည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ယင်းအနီကတ်သည် ပစ်ဖို့ဒ်၊ ရစ်ချာလီဆန်ဖြစ်ရပ်များ၏ အကျိုးဆက်ကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
အန်ဆယ်လော့တီက '' ဒီအနီကတ်က ဟာသပဲ။ ရည်ရွယ်ချက်လည်းမပါဘူး။ အဝါလောက်ပဲ ဖြစ်သင့်ပါတယ်။ တကယ်တော့ တစ်ပတ်လုံးလိုလို ပစ်ဖို့ဒ်ရဲ့ကိစ္စကို ၀ိုင်းပြောခဲ့ကြတာတွေ၊ ရစ်ချာလီဆန်ကို ၀ိုင်းဝေဖန်ခဲ့ကြတာတွေက ဒီဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီလိုသာ တကယ်လုပ်တယ်ဆိုရင် ဒါမမှန်ပါဘူး။ မျှလည်းမမျှတပါဘူး။ ကျွန်တော်တို့က ဒီဖြစ်ရပ်အတွက် အယူခံဝင်သွားမှာပါ။ လုံးဝသေချာပါတယ်''ဟု ပြောကြားခဲ့သည်။
Sky Sports ၏ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်ကလည်း ''ဘောလုံးကစားရင်တော့ ပြေးရမှာပဲ။ ပြေးနေရင်း တစ်ယောက်ယောက်နဲ့ ထိမိရင်လဲနိုင်တာပဲ။ ဒါအဝါကတ်ပါ။ အနီကတ်လို့ တစ်ဦးဦးက ပြောရင် ကျွန်တော် သဘောမတူပါဘူး။ တာဝန်ရှိသူတွေ ပြန်စစ်ဆေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါသာ တကယ်အနီကတ်ဆိုရင်တော့ ဘောလုံးလောကက သွားပါပြီ''ဟု ပြောကြားသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
