လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက သူ၏အသင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လက်စတာအသင်းသည် တနင်္ဂနွေနေ့ကယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် အာဆင်နယ်အသင်းကို အဝေးကွင်း၌ အနိုင်ရခဲ့ခြင်းမှာ နှစ်ပေါင်း(၄၇)နှစ်အတွင်း ပထမဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လက်စတာအသင်းသည် ယခုပွဲမတိုင်မီက အာဆင်နယ်အသင်းကို အဝေးကွင်း၌ (၄)ပွဲအနိုင်ရခဲ့ဖူးသော်လည်း နောက်ဆုံးအနိုင်ရခဲ့သည်မှာ ၁၉၇၃ ခုနှစ်တွင် ဖြစ်သည်။
အဆိုပါ (၄၇)နှစ်အတွင်း အာဆင်နယ်ကွင်း၌ ပြိုင်ပွဲစုံ(၂၇)ပွဲယှဉ်ပြိုင်ကစားခဲ့ရာတွင် နိုင်ပွဲပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ယခုမှ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာက ''(၄၇)နှစ်ကြာစောင့်ခဲ့ရတဲ့ နိုင်ပွဲဖြစ်တာကြောင့် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေလည်း ပျော်ရွှင်ကြမယ်ထင်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသ မားတွေကိုလည်း ချီးကျူးချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခုနိုင်ပွဲမှာ ဘရန်ဒန်ရော်ဂျာအတွက် နည်းပြဘဝ နိုင်ပွဲ(၃၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အနိုင်ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူး ဗာဒီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းကို ဂိုးအများဆုံးသွင်းယူနို်င်သူ ဖြစ်လာရန် နီးစပ်လာကြောင်း သိရသည်။
ဗာဒီသည် ပရီးမီးယားလိဂ်၌ အာဆင်နယ်အသင်းကို (၁၁)ဂိုးမြောက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းကို ၎င်းထက်ပိုသွင်းထားသူမှာ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီ(၁၂ ဂိုး)သာရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
