WFP သည် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကိုဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ (၅) သိန်းခန့်ကို စားနပ်ရိက္ခာများထောက်ပံ့သွားမည်
ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်း ယာဂီ ဖြတ်သန်းပြီးနောက် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံလျက်ရှိသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရန် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုသီတင်းပတ်တွင် စတင်သွားမည်ဖြစ်သည်။
WFP သည် ဇူလိုင်လမှစတင်၍ ရေဘေးတုံ့ပြန်ရေးအကူအညီများ ပေးအပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းပမာဏ သိသိသာသာ တိုးချဲ့ကာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အရှိန်ကြောင့် စက်တင်ဘာ (၁၁) ရက်မှစတင်ကာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရပြီး ရေလွှမ်းမိုးမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ ေ-သဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း (၆၃၁,၀၀၀) ခန့် ဘေးသင့်ခဲ့ကြရကြောင်း သိရသည်။
“စူပါတိုင်ဖွန်း ယာဂီကြောင့်ဖြစ်ခဲ့တဲ့ ဒီရေဘေးဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာ ဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. She ela Matthew က ပြောသည်။
WFP သည် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ (၅) သိန်းခန့်အထိအတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေထောက်ပံ့ပေးသွားမည်ဖြစ်သည်။
” ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း (၁၃) သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
တိုင်ဖွန်း ယာဂီ မတိုင်မီက WFP သည် ဇူလိုင်နှင့် သြဂုတ်လအတွင်း လယ်ဧက သောင်းနှင့်ချီ ရေလွှမ်းမိုးခံခဲ့ရသော ရေဘေးအတွင်း အရေးပေါ်အကူအညီအနေဖြင့် ရေဘေးသင့်ပြည်သူ (၁၈၅,၀၀၀) ခန့်အား စားနပ်ရိက္ခာ အထောက်အပံ့များ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – United Nations Myanmar



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
