မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်
အတွင်း ရေကြီး၊ ရေလျှံမှု ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးတွင် ရေဘေးသင့် ပြည်သူများ၏ ပျက်စီးသွားသည့် နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မှာကြားခဲ့သည်။
ယနေ့ စက်တင်ဘာ (၁၈)ရက်၊ နံနက် (၉) နာရီက ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ရမည်းသင်းခရိုင်
နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့ တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရမည်းသင်းခရိုင်အတွင်း မိုးအဆက်မပြတ်
ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် လူနှင့် တိရစ္ဆာန်များ အသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့် စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ဝါ၊ နေကြာ၊ ငရုတ်ခင်းများ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အမြန်ဆုံးကူညီစောင့်ရှောက်ရေး၊ ရေကြီးပြီးနောက် နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အမြန်ရှင်းလင်းပေးရန်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ပူးပေါင်း လုပ်ဆောင်ကြရန်၊ ပြန်လည်ထူထောင်ရေးတွင် ပျက်စီးသွားသည့် နေအိမ်များ၌ ပြန်လည်နေထိုင်နိုင်ရေးနှင့် မြေပြိုခြင်းများဖြစ်ပွားသဖြင့် လူနေထိုင်ရန်မသင့်ပါက ရွှေ့ပြောင်းနေရာချထားပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် က မှာကြားခဲ့သည်။
ထို့ပြင် စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ဝါ၊ နေကြာ၊ မြေပဲ၊ ပဲစင်းငုံ စိုက်ခင်းများ ပျက်စီးမှုများအတွက် ရက်(၉၀) စပါး အစားထိုး စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရမှ မျိုး၊ မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကုသခြင်းထက် ကြိုတင်
ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် မှန်ကန်မှုရှိရေး စနစ်တကျ ဆောင်ရွက်စေလိုကြောင်း ထပ်မံပြောကြားသည်။
ထိုနောက် မိုးရွာသွန်းပြီးရေကြီးပျက်စီးခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းမှုများကို ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များက တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်
သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
တိုင်းအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ် (၃,၅၁၁,၄၀၀)ကို ပေးအပ်ရာ ခရိုင်/မြို့နယ် ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးသူ (၂၂၆) ဦး၊ ပျောက်ဆုံးသူ (၇၇) ဦးရှိပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ကောင်ရေ (၁၂၈၃၄၄) ကောင် ေ-သဆုံးခဲ့ကာ စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက (၆၄၃၀၈၁) ဧက ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ရကြောင်း စက်တင်ဘာ (၁၆) ရက် ညနေ (၄) နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
