မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ (၁၃၉)လမ်းနှင့် (၆၁)လမ်းကြားရှိ စက်ရုံ တစ်ခုတွင် Level 2 အဆင့်ရှိ မီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီကျော် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ စက်တင်ဘာ (၁၈)ရက်၊ ည (၆)နာရီ (၃၅)မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့များ၊ ဒေသတွင်းရှိ လူမှုကူညီရေး အသင်းများ ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ရာ လောင်ကျွမ်းမှုမှာ မီးများသဖြင့် Level 1 ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် မီးလောင်ကျွမ်းမှုမှာ ဆက်လက်များပြားလာသဖြင့် ည (၆)နာရီ (၄၆)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ည (၇)နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ကာ၊ ည (၇)နာရီ၊ (၄၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ကျွမ်းမှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့ မှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ (၁၈)ရက်၊ နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာတွင် အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရသေးကြောင်း အမရပူရမြို့နယ်မီးသတ်စခန်းမှ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
