နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ ကြုံတွေ့ခဲ့ရသော ရေဘေးဒဏ်ကြောင့် ေ-သဆုံးသူတစ်ဦးလျင် ထောက်ပံ့ကြေးအဖြစ် (၈) သိန်းကျပ်စီရရှိမည်ဟု နိုင်ငံပိုင်သတင်းဌာနဖြစ်သော MRTV News Channel တွင် အသိပေးကြေညာခဲ့သည်။
နိုင်ငံတော်အစိုးရက ရေဘေးကြောင့်ေ-သဆုံးသူတစ်ဦးလျင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်(၅)သိန်းစီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်(၃)သိန်းစီ (စုစုပေါင်း ၈ သိန်း)ကျပ်စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များမှလည်း ရေဘေးကြောင့်ေ-သဆုံးသူများအား သီးခြားထပ်မံထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့၍ ချောင်းရေ/မြစ်ရေများ အဆက်မပြတ်မြင့်တက်စီးဆင်းခဲ့သည်။
ထိုသို့ မြင့်တက်စီးဆင်းမှုကြောင့် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့အတွင်းရှိ မြို့နယ်(၅၆)မြို့နယ်မှ ရပ်ကွက်/ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူေ-သဆုံးမှုနှင့်ပျောက်ဆုံးမှုများ၊ နေအိမ်၊ ရုံးဌာနအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အခြားအဆောက်အဦများပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီအထိ စာရင်းများအရ ရေဘေးကြောင့် ေ-သဆုံးသူ (၂၆၈)ဦးရှိခဲ့ကာ ပျောက်ဆုံးနေသူ (၈၈)ဦးရှိ၍ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
