ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရမှာလျော့ကျလာသော်လည်း စိုးရိမ်ရေအမှတ်အထက်တွက် ဆက်လက်တည်ရှိနေဆဲဖြစ်သည့်အတွက်ကြောင့် ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၇၅၀) စင်တီမီတာကို ကျော်လွန်ကာ (၈၃၀) စင်တီမီတာ အထက်တွင် ဆက်လက်ရှိနေသေးသည်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်.
ထိုအခြေအနေကြောင့်ဘားအံမြို့ပေါ်ရပ်ကွက်တချို့တွင် ရေများပြန်လည်ကျဆင်းလာနေသော်လည်း အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရေတွေက သိသိသာသာတော့ ပြန်ကျနေပြီး။ ဒါပေမယ့် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရက်ကွက် (၁)၊ (၂)၊ (၃)၊ (၄) ၊ နောက် ရပ်ကွက် (၅)၊ (၆)၊ (၇)၊ (၈)၊ (၉) အစရှိတဲ့ ရပ်ကွက်တွေမှာတော့ ရေကြီးရေလျှံမှုတွေဆက်ဖြစ်နေတုန်းပါဘဲ” ဟု ပြောကြားသည်။
ထို့အပြင် ဘားအံ - မော်လမြိုင် ကားလမ်းတွင်လည်း ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သည့်အတွက် မော်တော်ယာဉ်များ ပြန်လည်သွားလာ၍ ရသွားပြီးဟု သိရကြောင်းနှင့် ဘားအံ - ရန်ကုန် ကားများလည်း ပြန်လည်ပြေးဆွဲနေပြီးဟု သိရကြောင်း ၎င်းကဆိုသည်။
ဘားအံမြို့ပေါ်အတွင်း ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်နေပြီး ယာယီရေဘေးရှောင်စခန်း (၂၀) ခန့်တွင် လူဦးရေထောင်နှင့်ချီ၍ ခိုလှုံနေရဆဲဖြစ်ကြောင်း ဘားအံမြို့ခံပြည်သူများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ တောင်ကျရေဆင်းလာသည့်အတွက်ကြောင့် ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ကမ်းဘေးတလျှောက်ရှိ ရွှေဂွန်း၊ ကမမောင်း၊ ဘားအံ၊ ထုံးအိုင် အစရှိသော မြို့ရွာများအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်နေ့ကတည်းက သံလွင်မြစ်ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
စက်တင်ဘာလ (၁၃) ရက်နေ့ ည (၆) နာရီ (၃၀) မိနစ်အချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၅၄) စင်တီမီတာသို့ ကျော်လွန်ရောက်ရှိခဲ့သည့်အပြင်၊ စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် (၆) နာရီ (၃၀) မိနစ်အချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၆၈) စင်တီမီတာသို့ ရောက်ရှိနေကြောင်း နှင့် ယင်းနေ့ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၇၀) စင်တီမီတာအထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။
“စက်တင်ဘာလ (၁၅) ရက်နေ့ည (၆) နာရီခွဲအချိန်တိုင်းထွာချက်တွေအရ သံလွင်မြစ်ရေက (၉၆၈) စင်တီမီတာအထိရှိနေသေးတယ်။ စက်တင်ဘလ (၁၆) ရက်နေ့မနက်မှာရေ ရေကသိသိသာသာကိုကျလာတယ်။ အဲ့ဒီနေ့မနက် (၆)နာရီခွဲအချိန်တိုင်းထွာချက်အရ (၉၁၆) စင်တီမီတာကို ပြန်ရောက်လာတယ်။ ညနေပိုင်းမှာတော့ (၉၀၀) စင်တီမီတာအောက်ကို ရောက်သွားတယ်” ဟု ဘားအံမြို့ခံ ပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်သည် တော်သလင်းလပြည့်ကျော်၊ ပင်လယ်ရေထရက်ဖြစ်သည့်အပြင်၊ မုန်တိုင်းလည်းရှိနေသည့်အတွက်ကြောင့် မိုးဆက်လက်ရွာသွန်းကာ ရေကြီးရေလျှံမှုဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ယူဆချက်များလည်းတွေ့မြင်နေရကြောင်း ၎င်းမြို့ခံပြည်သူ က ဆိုသည်။
လတ်တလော ရေဘေးရှောင်ပြည်သူများအတွက် ရေသန့်၊ အစားအစာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းတချို့လိုအပ်ချက်များရှိနေကြောင်းလည်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းဖြစ်နေပေါ်နေသာရေကြီးရေလျှံမှုများကြောင့် ယာယီရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရသူပြည်သူများနှင့် ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အတွင်းရှိ အလှူရှင်များ၊ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ ထောက်ပံ့ကူညီလှူဒါန်းမှုများ လုပ်ဆောင်ပေးနေသည့်အပြင်၊ မွန်ပြည်နယ်အတွင်းမှ အလှူရှင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းမျာအား ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ လုပ်ဆောင်ပေးလျှက်ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
