သိမ်ဇရပ်မြို့ ခရွဲကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် မြို့ ခရွဲကျေးရွာအတွင်းသို့ ပြီးခဲ့သည့် စက် တင်ဘာ ၁၃ ရက်က လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ခရွဲကျေးရွာရှိ ဘုရားကုန်းဘုန်းကြီးကျောင်း နှင့် မြောက်ကျောင်းဘုန်းကြီးကျောင်းကြားရှိ နေအိမ်အနီးတွင် လက်နက်ကြီးကျည်တစ် လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာအနီးမှာရှိတဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်ဝင်းအေးမှာ ညာ ဘက်ခြေသလုံးမှာ လက်နက်ကြီးကျည်စ ဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာတစ်ချက်ရ ရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်ဟိန်း ထက်အောင်ရဲ့ ညာနားရွက်မှာ စုတ်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် များ မကြာခဏကျရောက်ပေါက်ကွဲလေ့ရှိရာ အရပ်သားများ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ထိုသို့ သိမ်ဇရပ်မြို့အနီးဝန်းကျင်ရှိ ကျေး ရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ယခုနှစ် အတွင်း အရပ်သားခြောက်ဦးထက်မနည်း သေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
