မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ကျပ်တည်းလွန်းသည့် ဘောလုံးပွဲစဉ်ဇယားများကြောင့် ထိပ်တန်းဘောလုံးသမားများအနေဖြင့် ပွဲစဉ်ဇယားရေးဆွဲသူများကို ဆန္ဒပြရန် စဉ်းစားနေကြသည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။
ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်း (၃၆) သင်းအထိ တိုးမြှင့်ကာ ပုံစံသစ်ဖြင့် ကျင်းပခြင်းကြောင့် ပွဲများတိုးလာခဲ့သည်။ မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် ပြိုင်ပွဲစုံ (၇၃) ပွဲအထိ ကစားရဖွယ်ရှိနေပြီး ပုံစံသစ်ဖြင့် ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲပါ ကစားမည်ဆိုပါက ဇူလိုင်လအထိ ကစားရမည်ဖြစ်သည်။
ရိုဒရီက ဘောလုံးသမားများသည် အရာဝတ္ထုများကဲ့သို့ ဆက်ဆံခံနေရပြီး အနားယူချိန်နည်းပါးခြင်းကို အဝတ်လဲခန်းအတွင်း ဆွေးနွေးလေ့ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုဒရီက "ကျွန်တော်တို့(ဘောလုံးသမားတွေ) ဆန္ဒပြဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို နားလည်ဖို့လွယ်ပါတယ်။ ဘယ်ကစားသမားကိုပဲမေးမေး တူညီတဲ့ အဖြေကိုပဲ ရမှာပါ။ ဘောလုံးပွဲစဉ်ဇယား အခုလိုပဲ ကျပ်တည်းနေမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ရွေးစရာမရှိ ဖြစ်လာပါလိမ့်မယ်။ ဒါကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော်တို့ကို ဂရုစိုက်မယ့်သူ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အားကစား ဒါမှမဟုတ် ခင်ဗျားတို့ခေါ်တဲ့ စီးပွားရေးရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ပါတယ်။ အရာအားလုံးက ပိုက်ဆံ ဒါမှမဟုတ် Marketing ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို စွမ်းရည်အပြည့်နဲ့ ဖျော်ဖြေမှုပေးဖို့လည်း လိုပါတယ်"ဟု ပြောကြားခဲ့သည်။
UEFA ၏ ချန်ပီယံလိဂ် Format သစ်ကို လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်လည်း ဝေဖန်ခဲ့ပြီး ယခုအခါ ရိုဒရီကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရိုဒရီက ဘောလုံးသမားများ အတွက် အနားယူရန် အရေးကြီးကြောင်း ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဟာလန်းကို ဥပမာပေးကာ ရှင်းပြခဲ့သည်။
ရိုဒရီက ယခုရာသီတွင် ဟာလန်းအနေဖြင့် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းနေခြင်းမှာ ယူရိုပြိုင်ပွဲ မကစားရသဖြင့် အနားယူချိန်အလုံအလောက်ရခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
