မလေးရှား အမျိုးသမီးကလပ် ဆာဘား အသင်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဆာဘားအသင်းသည် ဝင်းသိင်္ဂီထွန်းကို သြဂုတ်နောက်ဆုံးပတ်ကကျင်းပသည့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အတွက် စတင်ခေါ်ယူခဲ့ပြီး ခြေစစ်ပွဲအောင် မြင်ခဲ့သောကြောင့် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် အာရှ အမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဆာဘားအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သလို ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲဖြစ်သည့် ဥဇဘက်ကစ္စတန်ကလပ် နာဆာဖ် အသင်းနှင့် နောက်ဆုံးပွဲတွင် အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့သည်။
မလေးရှားကလပ် ဆာဘားအသင်းသည် ခြေစစ်ပွဲအောင်မြင်ခဲ့သဖြင့် နောက်ဆုံးအဆင့် အုပ်စု (A) တွင် တရုတ်ကလပ် ဝူဟန်အသင်း၊ တောင်ကိုရီးယားကလပ် အင်ချွန်းအသင်း၊ ယူအေအီး ကလပ် အဘူဒါဘီအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နောက်ဆုံးအဆင့်ကို အုပ်စု သုံးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများတွင် ပထမဆုံးပြည်ပထွက်ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် အိန္ဒိယကလပ်အသင်း သုံးသင်း၊ ထိုင်းကလပ်တစ်သင်းတို့တွင် ကစားခဲ့ကာ လက်ရှိတွင် မလေးရှားကလပ်၌ ကစားနေခြင်း ဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ် တွင် စတင်ကစားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
