ဘာစီလိုနာအမျိုးသမီးအသင်းသည် အသင်း၏အဓိကကစားသမားဖြစ်သူ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဘွန်မာတီကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ ဘွန်မာတီသည် ယခုစာချုပ်သစ်အရ အမျိုးသမီးဘောလုံးလောကတွင် တစ်နှစ်လုပ်ခအမြင့်ဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့သည်။
ဘွန်မာတီသည် အသက် ၁၁ နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ရှိလာပြီး ၂၀၁၅-၁၆ ရာသီ၌ အသင်း ကြီးနှင့်အတူ ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။ ဘွန်မာတီ(၂၆ နှစ်)သည် ၂၀၂၃ Ballon d'Or ဆု၊ ၂၀၂၄ Laureus Sportwomen of the Year ဆုများကို ဆွတ်ခူးခဲ့ပြီး ယခုနှစ် Ballon d'Or ဆုအတွက်လည်း ဆန်ခါတင် စာရင်းဝင်လျက်ရှိသည်။
၎င်းသည် ကစားသမားဘဝ ဆုဖလားပေါင်း ၂၃ လုံး ဆွတ်ခူးထားပြီး ချန်ပီယံလိဂ် သုံးကြိမ်၊ စပိန်လက်ရွေးစင်အသင်းနှင့် ၂၀၂၃ ကမ္ဘာ့ဖလား တစ်ကြိမ်၊ ၂၀၂၃-၂၄ Nations League ဆုဖလား တစ်ကြိမ် ဆွတ်ခူးထားခဲ့သည်။ ဘွန်မာတီအနေဖြင့် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၇၅ ပွဲ ကစားထားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းမှ တရားဝင်မထုတ်ပြန်သော်လည်း သတင်းများတွင် ဘွန်မာတီသည် တစ်နှစ် ယူရို ခုနစ် သိန်းနှင့် တစ်သန်းအကြား ရရှိမည်ဟု ဖော်ပြခဲ့ကြသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် ထိပ်တန်းလိဂ်ပြိုင်ပွဲများဖြစ်ကြသည့် အမေရိကန်အမျိုးသမီးလိဂ် ပြိုင်ပွဲ (NWSL) နှင့် အင်္ဂလန်အမျိုးသမီးလိဂ် ပြိုင်ပွဲ (WSL) ပြိုင်ပွဲများ၌ ထိပ်တန်းလစာငွေ ရရှိသူများမှာ ယူရို လေးသိန်းနှင့် ခြောက်သိန်းအကြားသာ ရှိနေသည်။
ပြီးခဲ့သည့်နွေရာသီက ဘွန်မာတီကို ချယ်လ်ဆီးအပါအဝင် ကလပ်များစွာက ကြိုးပမ်းခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
