လက်ဘနွန်တောင်ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့နှင့် လိပ်ခဲတည်းလည်း အခြေအနေကို သံတမန်နည်းလမ်းအရ ဖြေရှင်းရန်အခွင့်အလမ်း မရှိတော့ကြောင်း စက်တင်ဘာ ၁၆ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တွေ့ဆုံစဉ် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့်က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်နှင့် ဟစ်ဇဘိုလာ လက်နက်ကိုင်တပ်ဖွဲ့အကြား ဒုံးကျည်များဖြင့် လအတန်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြောက်ပိုင်းနယ်စပ် အကျပ်အတည်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အိမ်ဖြူတော် အထူးသံတမန်အာမော့စ် ဟော့ချ်စတိန်း အစ္စရေးသို့ ရောက်ရှိနေချိန်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်းဖြစ်သည်။
“မြောက်ပိုင်းနယ်စပ်မှာ သဘောတူညီချက်မူဘောင်တစ်ခုရနိုင်မယ့် အလားအလာက ပျောက်ကွယ်သွားပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နှင့် တယ်လီဖုန်းပြောကြားစဉ် ဂါးလန့်က ပြောကြားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဟစ်ဇဘိုလာအဖွဲ့က ဂါဇာဒေသရှိဟားမာ့စ် လက်နက်ကိုင်အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းနေသရွေ့ အဲဒီအလားအလာအတိုင်း ရှင်းရှင်းလင်းလင်းရှိနေဦးမှာဖြစ်တယ်”ဟုလည်း ယိုအက်ဗ်က ဆိုသည်။ ဂါဇာဒေသ၌ အစ္စရေးစစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်နေသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။
ထိုအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့်သံတမန်ရေး လမ်းကြောင်းတစ်ခုအားရှာဖွေရန် ကြိုးပမ်းနေခိုက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံမည့် အမေရိကန် အထူးသံတမန်၏ ခရီးစဉ်ပေါ်ပေါက် လာခြင်းဖြစ်သည်။ အဆိုပါအကျပ်အတည်းကြောင့် နယ်စပ်တစ်ဖက်တစ်ချက်ရှိ ဒေသခံသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရသည်။
အစ္စရေးစစ်တပ်၏ မြောက်ပိုင်းစစ်ဌာနချုပ် အကြီးအကဲက လက်ဘနွန်တောင်ပိုင်း၌ ကြားခံနယ်မြေတစ်ခု ဖန်တီးမည့် အစီအစဉ်အား လျင်လျင်မြန်မြန် ဖော်ဆောင်ရန်အကြံပြုထားကြောင်း အစ္စရေးမီဒီယာက စက်တင် ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ဟားမာ့စ်လက်နက်ကိုင်အဖွဲ့၏ ယမန်နှစ်အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးက ဂါဇာဒေသ၌ စစ်ပွဲဆင်နွှဲခြင်းကို အဓိကအာရုံစိုက် လုပ်ဆောင်လျက်ရှိစဉ် အစ္စရေးမြောက်ပိုင်း၌ မရေရာသော အခြေ အနေများက အမေရိကန်နှင့် အီရန်တို့ပါ ပါဝင်လာနိုင်သည့် ဒေသတွင်းစစ်ပွဲအသွင် ရောက်ရှိလာမည့်အပေါ် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး နောက်တစ်နေ့တွင် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးအား ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ကာ ယင်းပဋိပက္ခ၏ အဆင့်သစ်ကိုဖွင့်လှစ်ခဲ့ပြီးနောက် ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွားခဲ့ကာ အစ္စရေးတိုက်လေယာဉ်များက လက်ဘနွန်နယ်နိမိတ်ထဲအထိ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဟစ်ဇဘိုလာအဖွဲ့က လတ်တလောတွင် စစ်ဘောင်ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်မည်မဟုတ်ဟု ပြောဆိုထားသော်လည်း အစ္စရေးဘက်က တိုက်ခိုက်လာလျှင် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟုပြောဆို ထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
