ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သွားလာရေးကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့် ရေ၊ မီး များရရှိရန်ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသော တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးရာ၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများနှင့်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများရှင်းလင်းခြင်းကို ဦးစွာ ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
” သွားလာရေးကိစ္စပြီးရင် ဒုတိယဦးစားပေးအနေနဲ့ ရေ၊ မီး တွေရရှိရေးကိုဆောင်ရွက်ပေးသွားရပါမယ် အဲဒီကနေတစ်ဆင့် တခြားပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးသွားရပါမယ် မိသားစုဝင်တွေရဲ့ နေရေး၊ စားရေးအဆင်ပြေစေဖို့အတွက်လည်း စီမံပေးရပါမယ်”ဟု ဆိုသည်။
ထို့ပြင် အခြေခံစားကုန်များကိုဈေးနှုန်းသက် သာစွာ ဝယ်ယူစားသောက်နိုင်ရေး စီစဉ်ပေးခြင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာချိန်တွင် ရေလမ်းကြောင်းနှင့်မလွတ်ကင်းနိုင်သည့် အဆောက်အဦများကိုစနစ်တကျ သုတေသနပြုလုပ်၍ ရွှေ့ပြောင်းဆောက်လုပ်ခြင်းများဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ထို့နောက် နစကဥက္ကဋ္ဌ က မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့်အဝတ်အထည်များကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် နယ်မြေခံတပ်ဌာနချုပ်ဆေးခန်း၌ ဆေးကုသမှုခံယူနေသည့် စစ်သည်များအားကြည့်ရှုကာ အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့သည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် ရေဘေးကြောင့်ကျိုးကျပျက်စီးခဲ့သည့် မုန်ချောင်းကူးကွန်ကရစ်တံ တားပျက်စီးမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ နယ်မြေခံတပ်ဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းများပျက်စီးနေမှု၊ အ ထက်တန်းကျောင်း၌ နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု၊ တပ်နယ်အတွင်း လမ်း၊ တံတားနှင့် အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌနှင့်အတူ နစက ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
