လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဆန်စီရိုကွင်းတွင် အေစီမီလန်အသင်းကို အနိုင်ရခဲ့ခြင်းမှာ အသက် (၄၆) နှစ်ပြည့်မြောက်သည့် ၎င်းအတွက် အကောင်းဆုံးမွေးနေ့ လက်ဆောင်ဖြစ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် စက်တင်ဘာလ (၁၇) ရက် (အင်္ဂါနေ့)က ယခုရာသီ ၎င်းတို့၏ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် အေစီမီလန်အသင်းကို အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည်။ ဆန်စီရိုကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် လီဗာပူးလ်အသင်းသည် ပွဲအစ (၃) မိနစ်မှာပင် အေစီမီလန်အသင်းကို အဖွင့်ဂိုး ပေးခဲ့ရသော်လည်း ကိုနာတေး၊ ဗန်ဒိုက်၊ ဆိုဘိုဆလိုင်းတို့၏ သွင်းဂိုးများကြောင့် ပွဲအပြီးတွင် (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
စက်တင်ဘာ (၁၇) ရက်မှာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့၏ မွေးနေ့ဖြစ်ပြီး ၎င်း၏ (၄၆)နှစ်မြောက် မွေးနေ့တွင် အေစီမီလန်အသင်းကို အဝေးကွင်း၌ အနိုင်ရသည့်အတွက် ဝမ်းသာကြောင်း အာနယ်ဆလော့က ပြောကြားခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့က "ပုံမှန်အားဖြင့်တော့ လူတွေက မွေးနေ့ကို မိသားစုတွေနဲ့ ဖြတ်သန်းကြပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် တကယ်ကောင်းတဲ့ မွေးနေ့ဖြစ်ခဲ့တာပါ။ အရမ်းကောင်းတဲ့ကွင်းမှာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းကို (၀-၁) ဂိုးနဲ့ ရှုံးနိမ့်နေပြီးမှ အနိုင်ရတာဟာ အရမ်းကို ကောင်းပါတယ်။ အေစီမီလန်ကို အဖွင့်ဂိုးပေးလိုက်ရချိန်မှာ စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ခေါင်းထဲရောက်လာသေးတာပါ။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အသင်း ကစားသွားတာကို ကြည့်ရတာ အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် အေစီမီလန်နှင့်ပွဲတွင် set-piece (တည်ကန်ဘော)များမှ ဂိုးရခဲ့သည့်အတွက် ကျေနပ်ကြောင်းလည်း ဆလော့က ပြောကြားခဲ့သည်။ "နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ကျွန်တော်တို့ ထောင့်ကန်ဘော (၈) ကြိမ် ရခဲ့ပေမဲ့ ဂိုးမရခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။ အဲဒါကြောင့် set-piece အတွက် ကျွန်တော်တို့ လေ့ကျင့်ခဲ့ကြပြီး အလုပ်လည်း ဖြစ်ခဲ့လို့ ကျေနပ်ပျော်ရွှင်ရပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
