ပဲခူးတိုင်း၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့၊ ဝက်ဖြူကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့် လူ တစ်ရာကျော် အစာအဆိပ်သင့်၍ တောင်ငူဆေးရုံသိူ့ စက်တင်ဘာ ၁၈ ညပိုင်းတွင်ပင် ပို့ဆောင်နေရကြောင်း သိရသည်။
အစာအဆိပ်သင့်သူများကို တောင်ငူမြို့တွင်းရှိ ပရဟိတအဖွဲ့များမှ တောင်ငူဆေးရုံသိူ့ ပို့ဆောင်နေပြီး လူဦးရေများသောကြောင့် လူမှုကယ်ဆယ်ရေးယာဉ်များ မလုံမလောက် ဖြစ်ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းအနီးတွင် လူနာတင်ယာဉ်များ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြကြောင်းလည်း သိရသည်။
“ညနေပိုင်း ဘဲဥနဲ့မန်ကျည်းမှည့်ချက်တာပဲ စားကြတာတဲ့၊ အခု တောင်ငူဆေးရုံကိုပို့နေတာ” ဟု ကူညီလုပ်ဆောင်နေပေးနေသည့် တစ်ဦးက ပြောသည်။
အစာအဆိပ်သင့်ဖြစ်ပွါးသော လူဦးရေသည် လူကြီး ၆၅ ဦး၊ ကလေ-း ၆၅ ဦးနှင့် စုစုပေါင်း ၁၃၀ဦးဖြစ်ကာ အဖိတ်အစင်မရှိ သက်သာလျက်ရှိကြောင်း သိရသည်။
“အကုန်ဆင်ပြေပါတယ်၊ ဘဘုန်းတို့အခုပဲပြန်လာတာပါ၊ေ-သဆုံးမှုမရှိ စိုးရိမ်စရာမရှိ၊ တချို့ပြန်ခိုင်းနေပါပြီ၊ သက်သာလို့” ဟု ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးကလည်း ပေါ်ပြူလာနယူးကို ပြောသည်။
တောင်ငူမြို့တွင် အချို့သော နေရာများ၌ ရေပြန်ကျပြီဖြစ်သော်လည်း အချို့သော ကျေးရွာများသည် ရေနစ်မြုပ်နေကြဆဲ ဖြစ်သည်ဟုလည်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ကလည်း နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ ချောင်းခြားကျေးရွာ၌ အလှူရှင်များ လှူဒါန်းသည့် အစားအစာများကို စားသုံးမိရာမှ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသူများနှင့် ဒေသခံ စုစုပေါင်း ၁၁၅ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွါးခဲ့သေးကာ ထိုလူနာများအားလုံး ပြန်လည်ကျန်းမာလာပြီဟုလည်း သိထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
