စစ်သွေးကြွ တိုက်ခိုက်မှုများ နှစ်ချီဖြစ်ပွားနေခဲ့သည့် ဟိမဝန္တာဒေသတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ကျင်းပသည့် ပြည်နယ်ရွေးကောက်ပွဲအတွက် အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှ်မီးယား ဒေသခံများသည် ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၈) က မဲရုံများတွင် တန်းစီစောင့်ဆိုင်းကာ မဲပေးခဲ့ကြသည်။
မဲပေးပိုင်ခွင့်ရှိသူ ၉ သန်းခန့်က ရွေးကောက်ပွဲ အဆင့် သုံးဆင့်ဖြင့် ပြည်နယ်လွှတ်တော် အမတ်နေရာ ၉၀ နေရာကို ရွေးချယ်ပေးကြမည်ဖြစ်သည်။ ဆန္ဒမဲများကို အောက်တိုဘာ ၈ ရက်တွင် ရေတွက်မည်ဖြစ်ကာ မဲရလဒ်များသည်လည်း ယင်းနေ့တွင်ပင် ထွက်ပေါ်လာရန် မျှော်လင့်ရသည်။
“ရွေးကောက်ပွဲအသစ်အတွက် မဲပေးခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၁၀ နှစ်လုံး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအခွင့်အရေးကို မကျင့်သုံးနိုင်ခဲ့ကြဘူး၊ မဲပေးခွင့်ရခဲ့လို့ ပျော်ပါတယ်” ဟု ပထမဆုံး မဲပေးခွင့်ရခဲ့သည့် အသက် ၂၃ နှစ်အရွယ် မိုဟာမက် အာဆင် ဘီဟတ်က ပြောဆိုခဲ့သည်။
ဂျမူးနှင့် ကက်ရှ်မီးယားသည် အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော မွတ်ဆလင်နယ်မြေဖြစ်ပြီး ၁၉၄၇ ခုနှစ်ကတည်းက အိမ်နီးချင်း ပါကစ္စတန်နှင့် အငြင်းပွားမှုဖြစ်နေခဲ့ရာ ဗဟိုချက်လည်းဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားကို အပြည့်အ၀ ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုကြသော်လည်း တစ်ပိုင်းစီခွဲ၍ အုပ်ချုပ်နေခဲ့ကြသည်။
အိန္ဒိယပိုင် ဂျမူးနှင့် ကက်ရှ်မီးယားသည် ၂၀၁၉ ခုနှစ်အထိ တစ်စိတ်တစ်ပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ခဲ့သော်လည်း ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအစိုးရက ယင်းအခွင့်အရေးကို ပြန်ရုပ်သိမ်းခဲ့သည်။ အစိုးရ၏ ယင်းဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်နှစ်တွင် တရားရုံးချုပ်က ထပ်မံအတည်ပြုခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၃၀ မတိုင်မီ ဒေသန္တရ ရွေးကောက်ပွဲများ ကိုကျင်းပရန် သတ်မှတ်ပေးခဲ့သည်။
“ဂျမူးနဲ့ ကက်ရှ်မီးယား လွှတ်တော် ပထမအဆင့် ရွေးကောက်ပွဲတွေ စတင်ပြီဖြစ်တာကြောင့် လူအများအပြား မဲထွက်ပေးကြဖို့၊ ဒီမိုကရေစီကို အားကောင်းမောင်းသန်အောင်လုပ်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်” ဟု မိုဒီက X တွင် ပြောဆိုခဲ့သည်။
ယခင်က ကက်ရှ်မီးယားတွင် လွတ်လပ်ရေးလိုလားသော စစ်သွေးကြွများသည် ရွေးကောက်ပွဲများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ခဲ့သည့်အတွက် မဲပေးသူအရေအတွက်မှာ အလွန်နည်းခဲ့သည်။ သို့သော်လည်း အဆိုပါနယ်မြေသည် ဧပြီလနှင့် မေလတွင် ကျင်းခဲ့သော နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများတွင်မူ ၃၅ နှစ်တာကာလအတွင်း အများဆုံးမဲပေးခဲ့ပြီး မဲပေးသူ ၅၈ဒသမ ၄၆ ရာခိုင်နှုန်း ရှိခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
