မြန်မာ့ရေဘေးအတွက် ယူရို ၁ ဒဿမ ၂ သန်း ထောက်ပံ့မည်ဖြစ် ကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်သည်။
မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မှုအတွက် အရေးပေါ် အကူအညီ ယူရိုငွေ ၁ ဒဿမ ၂ သန်း ကောက်ခံရရှိထားပြီး အထောက်အပံ့ပေးရန် အသင့်ဖြစ်နေကြောင်း၊ အကူအညီများကို အလိုအပ်ဆုံးသောသူများထံ ရောက်ရှိစေရန်နှင့် နောက်ထပ်သေချာသည့် ရန်ပုံငွေများရရှိရန် မိတ်ဖက်များနှင့် လုပ်ဆောင်နေသည်ဟု EU က ထုတ်ပြန်သည်။
မုန်တိုင်းရာဂီ၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှုများကြောင့် ထိခိုက် ခံစားခဲ့ရသည့်မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း၊ ၎င်းတို့နှင့်အတူ ရှိနေကြောင်း EU က ဆိုသည်။
နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက် သိန်း သုံးသောင်းကျော်ရှိပြီး ရာနှင့်ချီ သေဆုံးကာ အများအပြား ပျောက်ဆုံးနေကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
တိုင်ဖွန်း ယာဂိ၏ နောက်ဆက်တွဲ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေ ကြီးခြင်းကြောင့် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း တို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ်ကို ထိခိုက်ခဲ့သည်ဟု UNOCHA Myanmar က ထုတ်ပြန်ထားသည်။
လက်ရှိတွင် သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော် လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်း ခြေ ၆၃၁၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ သေ ဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံး လျက်ရှိကြောင်း သတင်းရင်းမြစ်များအရ သိရကြောင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းခြင်း နှင့် အရေးပေါ် အကူအညီပေးခြင်းများ ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း၊ အခက် အခဲများ ရှိနေသော်လည်း လူသားချင်း စာနာ မှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှု များကို စတင်သတင်းပေးပို့လျက်ရှိပြီး၊ အခြေ အနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်း များ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
