မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာများ အပါအဝင် နှစ်နိုင်ငံ နည်းပညာများပူးပေါင်း ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် အဆင့်မြင့်စက်မှု နည်းပညာဆိုင်ရာကုမ္ပဏီများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံအမျိုးသားကာ ကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း Admiral dong jun ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ တက်ရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ထိုသို့ ဆွေးနွေးခဲ့ ခြင်းလည်းဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကျန်းယိုရှား (General Jiang You Xia) က တည်ခင်းဧည့်ခံ သည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ (Welcoming Dinner) သို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (11th Beijing Xiangshan Forum) သမကာ ဖွင့်ပွဲအခမ်းအနား နှင့် မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားပြီး တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) က အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝကီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပေကျင်းမြို့ ပိုင်ယိ ခန်းမ (Bayi Hall) ၌ တရုတ်နိုင်ငံ ဗဟိုစစ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟဲဝေတုန် General He Weidong)နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေး ဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက် ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ် ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ် ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တ လောအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဖိုရမ်၏ စုံညီအစည်းအဝေး ဒုတိယပိုင်း သို့လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် ဒေသအလိုက် လုံခြုံ ရေးဆိုင်ရာဖိုရမ် အစည်းအဝေးများသို့လည်း ကောင်း၊ ညနေပိုင်းတွင် တရုတ်နိုင်ငံ အမျိုး သားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ် ချုပ်ကြီး တုန်ကျွင်း က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ သို့လည်းကောင်း တက်ရောက် ခဲ့သည်။
စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Chen Xiaodong ၏ “တရုတ် နိုင်ငံ၏ နိုင်ငံတကာရေးရာ ဆောင်ရွက်မှုများ” (Chinese Initiatives of Global Affairs)
ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့ပြီး စုံညီ အစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session)တို့သို့ ဆက် လက်တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီ များသို့ သွားရောက်လေ့လာခဲ့ပြီး လေကြောင်း နည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ အီ လက်ထရွန်နစ်စစ်ဆင်ရေးနှင့် လေကြောင်း ရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက် နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်း ပညာပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ များကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေး နွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ တွင်ကျင်းပသည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယ ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အ စည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအ ဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
