NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA စစ်ရေးကော်မတီက စက်တင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်အား MNDAA သတင်းများ ပုံမှန်ဖော်ပြနေသည့် ကိုးကန့်သတင်းကွန်ရက် Facebook Page တွင် ယနေ့(စက်တင်ဘာ ၁၈ ရက်) ညပိုင်း၌ ဖော်ပြလာသည်။
ကိုးကန့်သတင်းကွန်ရက်သည် အထက်ပါ MNDAA ၏ ထုတ်ပြန်ချက်(တရုတ်ဘာသာဖြင့်)အား စက်တင်ဘာ ၅ ရက်က ခေတ္တဖော်ပြပြီးနောက် ပြန်လည်ဖြုတ်ချသွားကာ ယခုထပ်မံ ဖော်ပြခြင်းဖြစ်သည်။
MNDAA အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ယခုနှစ် စက်တင်ဘာ ၂ ရက်တွင် ကြေညာပြီးနောက် MNDAA က ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
MNDAA ၏ထုတ်ပြန်ချက်တွင် ။ MNDAA ၏ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်ကြောင်းနှင် မိမိတို့အနေဖြင့်လည်း ချက်ချင်းအပစ် အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်တလောတွင် မသမာသူတစ်ချို့သည် လူမှုကွန်ရက်များမှတစ်ဆင့် စာရွက်စာတမ်းအတုများ ထုတ်ပြန်ခြင်း၊ MNDAA အား အမဲစက်တင်စေခြင်း၊ မိမိတို့ကိုစွပ်စွဲခြင်း၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ခြင်းများကို တောက်လျှောက်ပြုလုပ်နေခြင်းကြောင့် အများပြည်သူများမှ မိမိတို့ MNDAA ၏ နိုင်ငံရေးရပ်တည်ချက်နှင့် သဘောထားများအပေါ်အမြင်လွဲမှားမှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ဤသို့အမြင်လွဲမှားမှု ပိုမိုပြင်းထန်လာသည်ကို ဟန့်တားရန်၊ မလိုအပ်သည့် အငြင်းအပွားများ မဖြစ်ပေါ်စေရန်တို့အတွက် မိမိတို့ MNDAA မှ နိုင်ငံတော်၏ အခြေအနေနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
MNDAA ၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ယခုနှစ် စက်တင်ဘာ ၂ ရက်တွင် ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
