အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများသည် အိန္ဒိယစစ်ရေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများ တင်ဆောင်လာသည့် အိန္ဒိယနိုင်ငံမှ စစ်ရေယာဉ် INS Satpura (F-48) သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြကြောင်း သိရသည်။
ထို့နောက် အိန္ဒိယစစ်ရေယာဉ်ဖြင့် ရောက်ရှိလာသည့် လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Abhay Thakur က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယစစ်ရေယာဉ် INS Satpura တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲများ၊ တာပေါ်လင်စများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ သန့်ရှင်းရေးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများပါဝင်၍ စုစုပေါင်း တန်ချိန် ၂၁ တန်ခန့် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အထက်ပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယစစ်ရေယာဉ် INS Satpura သည် ယနေ့(စက်တင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ရေဘေးဒဏ်ခံစားရသည့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်း၊ တာပေါ်လင်များနှင့် ဆေးဝါးများကို အိန္ဒိယလေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပေးပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် ခြင်ထောင်၊ အသင့်စား အစားအစာထုပ်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆိုလာမီးအိမ်၊ မီးစက်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ ယာယီတဲများ၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ စုစုပေါင်း ပစ္စည်းတန်ချိန် ၃၀ ကျော် ပါရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
