မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ရင့်ကျက်သည့်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်း ဘန်စလေနှင့်ပွဲအပြီးတွင် ချီးကျူးပြောကြားခဲ့သည်။
မန်ယူအသင်းသည် လီဗာပူးလ် ကို (၀-၃) ဂိုးဖြင့် ရှုံးပြီးနောက် ပြန်ကစားသည့်ပွဲစဉ်များတွင် ဆောက်သမ်တန်ကို (၃-၀)ဂိုး၊ ဘန်စလေကို(၇-၀) ဂိုးတို့ဖြင့် အနိုင်ရထားသည်။ လိဂ်ဖလား တတိယအဆင့်တွင် လိဂ်ချန်ပီယံရှစ်ကလပ် ဘန်စလေအား (၇-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲမှာ တန်ဟက်ဂ် အတွက် မန်ယူနည်းပြဘဝတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)သည် ရာသီအစပိုင်း တွင်ရုန်းကန်ခဲ့ရသော်လည်း ဆောက်သမ်တန်၊ ဘန်စလေတို့ကို အနိုင်ရသည့်ပွဲများတွင် (၂) ပွဲဆက် (၃) ဂိုး သွင်းယူပေးထားသည်။
တန်ဟက်ဂ်က "ဘောလုံးမှာ ယုံကြည်မှုက အရာအားလုံးမဟုတ်ပေမဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ရပ်ရှ်ဖို့ဒ်က ရင့်ကျက်တဲ့ ထိပ်တန်းကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ ဂိုးတွေအများကြီး သွင်းခဲ့တယ်။ အခုလည်း မန်ယူ အသင်းရဲ့ ဂိုးအများဆုံးသွင်းသူတွေထဲမှာ သူက ထိပ်ဆုံးပဲ။ ဒီတော့ သူက ရင့်ကျက်တဲ့ ထိပ်တန်းကစားသမားပါ။ တိုက်စစ်ကစားသမားတွေက ဂိုးမသွင်းနိုင်တဲ့အခါ ယုံကြည်မှုပျောက်တတ်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
