ပိုလန်၌ နောက်ထပ်သေဆုံးသူနှစ်ဦးနှင့် ဩစတြီးယား၌ သေဆုံးသူတစ်ဦး ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပြီး နောက်ဥရောပအလယ်ပိုင်းတွင် ဘော်ရစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် ပြင်းထန်ရာသီဥတုနှင့် ရေကြီးမှုတို့အတွင်း သေဆုံးသူစုစုပေါင်းသည် ၂၂ ဦးအထိရှိလာသည်ဟု စက်တင်ဘာ ၁၇ ရက်တွင် အာဏာပိုင်များက ပြောကြားခဲ့သည်။
လေပြင်းများနှင့် ပုံမှန်မဟုတ်သော မိုးသည်းထန်မှုတို့သည် လွန်ခဲ့သောသီတင်းပတ်ကတည်းက ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားတို့တွင်ဖြစ်ပေါ်ခဲ့သည်။
ဒေသအချို့တွင် မိုးလေဝသအခြေအနေတည်ငြိမ်သွားပုံရသည်ဆိုသော်လည်း မြေကြီးသည် ရွှဲရွှဲစိုလျက်ရှိပြီး မြစ်များသည် ရေကျော်နေသောကြောင့် ပြည်သူများ သတိရှိကြရန် အာဏာပိုင်များက မေတ္တာရပ်ခံထားသည်။
ပိုလန်မြို့ကြီးနှစ်မြို့သည့် တောင်ပိုင်းက အိုပိုးလ်နှင့်အနောက်ပိုင်း ကရိုကလောတို့သည် ရုတ်တရက် ရေထိုးတက်လာမည့် အနေအထားကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး တာတမံများ ကျိုးသွားနိုင်သည်ဟူသော စိုးရိမ်မှုများရှိနေသည်။
ဝန်ကြီးချုပ် ဒေါ်နယ်တက်က ပိုလန်၌ မုန်တိုင်းဒဏ်ခံရသူများအတွက် နောက်ထပ် အစိုးရအကူအညီများကို ကြေညာခဲ့ရာ အစိုးရအကူအညီစုစုပေါင်းသည် ဇလော့တီငွေ နှစ်ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၅၂၀) အထိ ရှိလာခဲ့သည်။
ဘော်ရစ်မုန်တိုင်းကြောင့် နောက်ထပ်သုံးဦးသေဆုံးသွားသည်ဟု စက်တင်ဘာ ၁၇ ရက်တွင် ပိုလန်ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။ ထို့ကြောင့်ပိုလန်တွင် သေဆုံးသူ ခုနှစ်ဦးအထိရှိလာခဲ့သည်။
ဘော်ရစ်မုန်တိုင်းကြောင့် ဩစတြီးယားတွင် ငါးဦး၊ ရိုမေးနီးယားတွင် ခုနစ်ဦး၊ ချက်တွင် သုံးဦး အသီးသီးသေဆုံးခဲ့သည်။
ချက်နိုင်ငံတွင် အိမ် ၆၀၀၀၀ ကျော်သည် လျှပ်စစ်ဓာတ်အား မရသေးပေ။ အထူးသဖြင့် ချက်နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ကလေးများအပါအဝင် လူ ၅၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
