သဘာဝဘေး အန္တရာယ်ကြောင့် ပိတ်ထားရသည့် ကျောင်းများကို ယခုလကုန်တွင် ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပြီး ကလေ-းများကိုလည်း ကျောင်းသို့ ပြန်လွှတ်ရန် လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအားသွားရောက်အားပေး၍ထောက်ပံ့ရေးပစ္စည်းများပေးအပ်စဉ် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
“ခင်ဗျားတို့ ကျောင်းတွေလည်း ကလေ-းတွေ ပြန်လွှတ်ပေးဖို့ ပြောလိုပါတယ်၊ ပြန်လွှတ်ပေးပါ၊ စာတတ်လို့ရှိရင်၊ ပညာတတ်လို့ရှိရင် နောင်တစ်ချိန်အတွက်၊ သူတို့ဘဝအတွက် အ များကြီး အထောက် အကူရတယ်၊ မဟုတ်ဘူးဆိုရင်တော့ တစ်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်၊ ခင်ဗျားတို့၊ ကျွန် တော်တို့ လူကြီးတွေကတော့ ပညာသင်ကြားလို့မရတော့ဘူး၊ ခင်ဗျားတို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လက်ရှိအခြေအနေမှာ ကျွန်တော် တို့ရှိတယ်၊ နောင်ကျလို့ရှိရင် ကျွန်တော်တို့ ကလေးတွေက ကျွန်တော်တို့ထက်သာ အောင်လုပ်ပေးရမယ်၊ ကျွန်တော်တို့ခေတ်ထ က် သာအောင် လုပ်ပေးရမယ်၊ ဒါတကယ် မိဘပီသပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ပိတ်ထားရသည့် စာသင်ကျောင်းများဖွင့်လှစ်ရာတွင် စနေ၊ တနင်္ဂနွေများ၌ အစားထိုးပြန်တက်ခြင်း၊ ပိတ်ရက်များတွင် အစားထိုးပြန်တက်ခြင်း များပြုလုပ်ကာ စာမေးပွဲဖြေရမည့်အချိန်၌ ၎င်းတို့ သင်ကြားပြီးစီးသည် အထိသာ စာမေးပွဲ စစ်ပေးမည်ဟုလည်း နစက ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကိုလည်း ထိခိုက်ပျက်စီးမှုအလိုက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကာ တွက်ချက်နေကြောင်း ပြောသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအား သဘာဝဘေးအန္တ ရာယ်ကို ကြံ့ကြံ့ခံ ကျော်လွှား၍ ပြန်လည်ထူ ထောင်ရေးလု ပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နေထိုင်စားသောက်ရေးအတွက် အားလုံးစီစဉ်ပေးမည် ဖြစ်ကြောင်းလည်း ပြောသည်။
”သဘာဝဘေး အန္တရာယ် တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခံပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆို လို့ရှိရင် တော့ ကျွန်တော်တို့ကျော်လွှားလို့ရမယ် ဆိုတာလေး ပြောချင်ပါတယ်၊ ဒီအတွက် မလျှော့တဲ့ဇွဲလုံ့လနဲ့ ဆက်ပြီးလုပ်သွားကြဖို့လည်း အားမွေးသွားကြဖို့လည်း ပြောလို ပါတယ်။ ဒီမှာ အားမွေးသွားကြပါ။ ပြန်ရောက်လို့ရှိရင်လ ည်း ထိုက်သင့်တဲ့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်။ကျွန်တော် ပြီးပြီးရော မလွှတ်ပါဘူး၊ အကုန်လုံးစီစဉ်ပေးပါမယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
