ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ရေကြီးရေလျှံ မြေပြိုမှု ဖြစ်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် လက်ရှိ၌ လျှပ်စစ်မီးပြန်ရနေကြောင်း ကလောမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
“မီးပြန်ရတာ သုံးရက်ရှိနေပါပြီ၊ ဆယ်သွယ်ရေးကတော့ ခက်ခဲနေဆဲပါ” ဟု သူက ဆိုသည်။
ရေကြီးရေလျှံမှုနောက်ဆက်တွဲအနေဖြင့် ကလောမြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေပြီး မြို့သန့်ရှင်းရေး၊ နုန်းများရှင်းလင်းခြင်း၊ လမ်းများပြင်ခြင်းများ ပြူလုပ်နေသည်ဟုလည်း သိရသည်။
“အခြေခံလိုတာတွေက ပြည့်စုံလာပါပြီ။ အခုလည်း ကားတွေသွားလို့ရနေပါပြီ” ဟု မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖုန်းလိုင်းဆက်သွယ်ရေး၌ Mytel နှင့် MEC ကတ်သုံး၍ ရနေကာ အင်တာနက်ဝိုင်ဖိုင်များ၊ အင်တာနက်တော့ အခက်အခဲဖြစ်နေကြောင်း အထက်ပါမြို့ခံက ရှင်းပြသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် မြို့နယ် ၅၆ မြို့နယ်၌ ရေကြီးခဲ့ကာ လူနေအိမ် ၂,၁၁၆ လုံး ပျက်စီးခဲ့ပြီး ရေနှစ်မြုပ်သည့် အိမ်ခြေ ၁ သိန်းခွဲကျော်ရှိကြောင်း နစကသတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ရေကြီးရေလျှံ မြေပြိုပြီး ရေဘေးကြောင့် ေ-သဆုံးသူ ၂၂၆ ဦးရှိနေကာ ၇၇ ဥဦးပျောက်ဆုံးနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသေးသည်။
ဓာတ်ပုံ – Tin Soe Aung Facebook
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
