ယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် (၂)ရက်ဆက်တိုက် လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးသူ မရှိသော်လည်း ရေဘေးရှောင်စခန်းများ၌ လှူဒါန်းထားသော အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ သန့်ရှင်းမှုရှိစေရေး ယာယီကယ်ဆယ်ရေးစခန်းများ၌ တာဝန်ယူထားသော စီမံခန့်ခွဲမှုအဖွဲ့များက ကြီးကြပ်ရန် ကျန်းမာရေးဦးစီးဌာနမှ နှိုးဆော်ထားကြောင်း သိရသည်။
ပြည်ထောင်နယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ (၁၇)ရက် ညပိုင်းက ရေဘေးကယ်ဆယ်ရေး လာရောက် လှူဒါန်းသည့် ဒံပေါက် အပြင် ထမင်းနှင့် အသားဟင်း၊ အသုပ်များ စားသုံးမိရာမှ တစ်ဆင့် ကလေ-း၊ လူကြီး (၁၁၅) ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ နီးစပ်ရာဆေးရုံများသို့ပို့ဆောင် ဆေးကုသစေခဲ့ပြီး ယခုအခါ ပြန်လည် ကောင်းမွန်နေပြီဖြစ်သည်။
ထို့ပြင် စက်တင်ဘာ (၁၈)ရက် ညပိုင်းကလည်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့် ကလေ-း၊ လူကြီး စုစုပေါင်း လူဦးရေ (၁၃၀)မှာ ထမင်း၊ ဘဲဥနှင့် မကျည်းမှည့်ချက် စားသုံးမိရာမှ တစ်ဆင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ တောင်ငူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ရပြီး လက်ရှိတွင် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘဲ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ၊ စီမံခန့်ခွဲမှုအဖွဲများမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်လည်း ကျန်းမာရေးဦးစီးဌာနက နှိုးဆော်ထားကြောင်း သိရသည်။
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သော အဆိုပါ ကျေးရွာ(၂)ရွာတွင် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
