ဂါဘွန်နိုင်ငံတွင် သမ္မတအလီဘွန်ဂို အွန်ဒင်ဘာ နောက်တစ်ကြိမ် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာတွင် ဂါဘွန်စစ်တပ်အရာရှိအုပ်စုက အာဏာကို ရယူကြောင်းနှင့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း သြဂုတ် ၃၀ ရက်က နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့သည်။
အဆိုပါကြေညာချက် ထွက်ပေါ်သည့် အချိန်အတွင်းဂါဘွန်၏ မြို့တော်လိုင်ဘရီဗီလီတွင် သေနတ်သံများကို ကြားခဲဲ့ရသည်ဟု အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချိန်အတွင်း အရာရှိတစ်ဦးက နိုင်ငံအတွင်းရှိ အင်စတီကျူးရှင်းအားလုံးကိုလည်း ဖျက်သိမ်းကြောင်း ပြောကြားခဲ့သည်။
နိုင်ငံပိုင် ရုပ်သံမှ ကြေညာချက်ထုတ် ပြန်နေသည့် အရာရှိတစ်ဦး၏နောက်တွင် ဂါဘွန်အစိုးရ အစောင့်တပ်ဖွဲ့ဝင်များဖြစ်သည့် ဒါဇင်နှင့်ချီသည့် စစ်ဘက်ဗိုလ်မှူးများနှင့် သာမန်စစ်သားများကိုု မြင်တွေ့ရသည်။
သြဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အသက် ၆၄ နှစ်အရွယ် သမ္မတဘွန်ဂိုသည် မဲရလဒ် ၆၄ ဒသမ ၂၇ ရာ ခိုင်နှုန်းရရှိခဲ့ပြီး တတိယသက်တမ်းအတွက် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာခဲ့ပြီးနောက် စစ်တပ်အရာရှိများ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဘွန်ဂိုသည် ရေနံကြွယ်ဝသည့် အနောက်အာဖရိကနိုင်ငံ ဂါဘွန်ကို ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ သူသည် နိုင်ငံကို ၃၁ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဖခင်ဖြစ်သူ အိုမာဘွန်ဂို အွန်ဒင်ဘာ သေဆုံးခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပထမအကြိမ် ရွေးကောက်ခံခဲ့ရသည်။
ရွေးကောက်ပွဲကာလအတွင်း ဘွန်ဂိုအစိုးရက ကာဖျူးမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း အင်တာနက်များ ဖြတ်တောက်ထားချိန်အတွင်း စစ်တပ်အရာရှိများက အာဏာကိုရယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုနေ့မှာပင် ဂါဘွန်၌ အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။
“ဒီနေ့မှာ နိုင်ငံဟာဆိုးရွားတဲ့ အင်စတီ ကျူးရှင်း၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အကျပ်အတည်းကို ဖြတ်သန်းနေရပါတယ်”ဟု အဆိုပါအရာရှိက Gabon ရုပ်သံလိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် ဂါဘွန်ပြည်သူများ မျှော်လင့်ခဲ့သည့် ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု အခြေအနေများနှင့် ပြည့်မီမှုမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အနေနှင့် လက်ရှိအစိုးရအဖွဲ့ကို အဆုံးသတ်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ၎င်းသည် အာဏာလွှဲပြောင်းရေးနှင့် အင်စတီကျူးရှင်းများ ပြန်လည်ထိန်းသိမ်းရေးကော်မတီ၏ ကိုယ်စား ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကမူ ဂါဘွန်တွင် သက်ဆိုင်ရာ အဖွဲ့များအနေနှင့် သမ္မတဘွန်ဂို၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးရန် သြဂုတ် ၃၀ ရက်က တိုက်တွန်းခဲ့သည်။
ဂါဘွန်တွင် နိုင်ငံနှင့် ပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို တိုးတက်စေရန်၊ မတူညီမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန်နှင့် ပုံမှန်အခင်းအကျင်းကို ဖြစ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို မိမိတို့တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
