ဝက်ဂ်နာကြေးစားလက်နက်ကိုင်အဖွဲ့၏ခေါင်းဆောင် ယက်ဗ်ဂန်နီ ပရီဂိုရှင်ကို စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ Porokhovskoye သချႋုင်းတွင် မြှုပ်နှံလိုက်ပြီဟု ဝက်ဂ်နာသတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၉ ရက်တွင် ကြေညာသည်။
ဈာပနကို ပရီဂိုရှင်၏ ဆွေမျိုးသားချင်းများနှင့် ရင်းနှီးသည့်မိတ်ဆွေအချို့သာ တက်ရောက်ခဲ့ပြီး မြေပုံအုတ်ဂူနေရာအတိအကျကို ထုတ်ပြန်ခြင်းမရှိသော်လည်း လာရောက်ကြည့်ရှုလိုသူ အားလုံးကို ကြိုဆိုပါကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည်။
အွန်လိုင်းတွင်ပျံ့နေသည့်ဓာတ်ပုံများအရ ပရီဂိုရှင်ကို သူ့ဖခင်နှင့်ကပ်လျက် မြှုပ်နှံထားပြီး အုတ်ဂူမြေပုံပေါ်တွင် လက်ဝါးကပ်တိုင်တစ်ခုထောင်ထားကာ ရုရှားအလံနှင့် ဝက်ဂ်နာအဖွဲ့အလံများလည်း လွှင့်ထားသည်။
ပရီဂိုရှင်နှင့် ဝက်ဂ်နာအကြီးအကဲများပါသည့် ဂျက်လေယာဉ်သည် ဩဂုတ် ၂၃ ရက်နှောင်းပိုင်းက ရုရှား တွင်ပျက်ကျခဲ့ပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်။ပျက်ကျသည့်အကြောင်းရင်းကိုမူ ရုရှားစုံစမ်း စစ်ဆေးရေးကော်မတီက ဖော်ထုတ်လျက်ရှိသည်။
သမ္မတပူတင်၏စားတော်ကဲဘဝမှ ကြေးစားစစ်တပ်၏ဦးစီးဖြစ်လာသူ ပရီဂိုရှင်သည် ယူကရိန်းကို ရုရှားကကျူးကျော်လိုက်မှုတွင် အဓိကပလေယာတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့သည်။သူ့ကို ပူတင်၏ ဇာတိမြို့ ဖြစ်သည့် စိန့်ပီတာစ်ဘာ့ဂ်တွင် မွေးဖွားခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မလာမီ သူသည် စိန့်ပီတာစ်ဘာ့ဂ်တွင် ဟော့ဒေါ့ရောင်းပြီး ဘဝစခဲ့ရသည်။
ရုရှားအစိုးရအရာရှိကြီးများကို ပေါ်ပေါ်ထင်ထင်ဝေဖန်တတ်သူလည်းဖြစ်သည့် ပရီဂိုရှင်သည် ပြီးခဲ့သည့်ဇွန်တွင် ရုရှားစစ်တပ်ကို ပုန်ကန်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
