လေထုညစ်ညမ်းမှုသည် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းတို့ထက် ကမ္ဘာပေါ်က သာမန်လူတစ်ဦးအတွက် ပိုမိုအန္တရာယ်ကြီးမားလျက်ရှိသည်ဟု သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သော လေ့လာ ချက်တစ်ခု၌ ဖော်ပြထားပြီး တရုတ်သည်လျင် မြန်စွာတိုးတက်ကောင်းမွန်လာသည့်တိုင် လေထုညစ်ညမ်းမှု ကမ္ဘာ့ဗဟိုချက် တောင်အာရှတွင် ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။
သို့တိုင် လေထုညစ်ညမ်းမှုစိန်ခေါ်ချက်ကို ထိပ်တိုက်ရင်ဆိုင်ရန် သီးသန့်ဖယ်ထားသော ရန်ပုံငွေပမာဏသည် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ဖယ်ထားသော ရန်ပုံငွေ၏ အပိုင်းအစတစ်ခုသာရှိသည်ဟု ချီကာ ဂိုတက္ကသိုလ်ရှိ စွမ်းအင်မူဝါဒသိပ္ပံ(EPIC)၏ သုတေသနတွင် ဖော်ပြထားသည်။
၎င်း၏ နှစ်စဉ် လေထုအရည်အသွေး သက်တမ်းညွှန်းကိန်း(AQLI)တွင် အမှုန်အမွှားများပါသော လေထုညစ်ညမ်းမှုသည် ပြည်သူ့ကျန်းမာရေးအတွက် ပြင်ပအကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။ လေထုညစ်ညမ်းမှုကိုု ဖြစ်စေသော အမှုန်အမွှားလေးများသည် မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ တောမီးများနှင့်အခြားတို့မှ ထွက်လာသော အမှုန်များ ဖြစ်သည်။
ကမ္ဘာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏လမ်းညွှန် ကန့်သတ်ချက် ပြည့်မီစေရန် အဆိုပါ ညစ်ညမ်းစေသောအရာများကို အမြဲတမ်းလျှော့ချမည်ဆိုပါက သာမန်လူတစ်ဦးသည် ၎င်း၏ပျမ်းမျှသက်တမ်း တွင် ၂ ဒသမ ၃ နှစ် ပိုနေရမည်ဟု ဆိုသည်။
သေးငယ်လွန်းသော အမှုန်များသည် အဆုတ်ကင်ဆာ၊ နှလုံးကင်ဆာ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါတို့ ဖြစ်ပွားခြင်းနှင့် ဆက်စပ်လျက်ရှိသည်။
နှိုင်းယှဉ်ပါက ဆေးရွက်ကြီး သုံးစွဲမှုသည် ကမ္ဘာ့ ပျမ်းမျှလူ့သက်တမ်းကို ၂ ဒသမ ၂ နှစ် လျော့နည်းစေပြီး ကလေး အာဟာရချို့တဲ့ခြင်းနှင့် မိခင်ဘက်မှ အာဟာရချို့တဲ့ခြင်းတို့က ပျမ်းမျှလူ့သက်တမ်းကို ၁ ဒသမ ၆ နှစ် လျော့ကျစေသည်ဟု ဆိုသည်။
အာရှနှင့်အာဖရိကတို့သည်အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းထားကြရပြီး နိုင်ငံသားများကို အချိန်မီ ပေးအပ်ရန်အားအနည်း ဆုံးအခြေခံအဆောက်အအုံ အချို့ရှိထားကြသည်ဟု တိကျသော အချက်အလက်များအရ သိရသည်။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာပရဟိတ အလှူဝေစု အနည်းငယ်ကိုသာ လက်ခံရရှိကြသည်ဟု ဆိုသည်။
ဥပမာ၊ အာဖရိကတစ်တိုက်လုံးသည် လေထုညစ်ညမ်းမှု တိုက်ဖျက်ရန် အမေရိကန် ဒေါ်လာ ၃၀၀,၀၀၀ ပင် မရပေ။
“လေထု ညစ်ညမ်းမှုအဆိုးဆုံးဖြစ်နေတဲ့နေရာနဲ့ အဲဒီနေရာမှာလေထုညစ်ညမ်းမှုတိုက်ဖျက်ဖို့ ကျွန်တော်တို့က အရင်းအမြစ် ချပေးတာတို့ဟာ တော်တော်လေး အဆက်ပြတ်နေပါတယ်”ဟု EPIC ရှိ လေထုသန့်စင်မှု အစီအစဉ် ဒါရိုက်တာ ခရစ်စတာဟာဆန်ကော့ဖ်က အေအက်ဖ်ပီကို ပြောကြားသည်။
အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ တီဘီရောဂါတို့နှင့်ပတ်သက်၍နှစ်စဉ် အမေရိကန်ဒေါ်လာ လေးဘီလျံ ထုတ်ပေးနေသော ဂလိုဘယ်ရန်ပုံငွေဟုခေါ်သည့် နိုင်ငံတကာငွေကြေး ပံ့ပိုးမှုမိတ်ဖက်အစီအစဉ်ရှိနေသော်လည်း လေထုညစ်ညမ်းမှုအတွက် ထုတ်ပေးသော ငွေပမာဏသည် မတူညီဟု ဆိုသည်။
လေထုညစ်ညမ်းမှုသည် တောင်အာရှတွင် အဆိုးဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်တို့သည် လေထုညစ်ညမ်းမှုအဆိုးဆုံးနိုင်ငံများ ဖြစ်သည်ဟုဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
