အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် စက်တင်ဘာ ၁၀ ရက်တွင် ဗီယက်နမ်သို့သွား ရောက်မည်ဖြစ်ကာ ဗီယက်နမ်၏ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူကျောင့်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် က သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သမ္မတဘိုင်ဒင်သည် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိန္ဒိယသို့ သွားရောက်ပြီးနောက် ဟနွိုင်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ အမေရိကန်သည် ဒေသတွင်း၌ တ ရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။
သမ္မတဘိုင်ဒင်နှင့် ဗီယက်နမ်ခေါင်းဆောင်များသည် နည်းပညာကဏ္ဍကို အလေးပေးကာ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးနေသည့် ဗီယက်နမ်စီးပွားရေးကို အားပေးထောက်ကူကာ ပညာရေးကဏ္ဍတွင် အပြန်အလှန်ဖလှယ်မှုများကိုလည်းတိုး မြှင့်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြန် ကြားရေးအရာရှိ ကာရင်း ဂျင်န်-ပီရဲယ်က ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို မြှင့်တင်ရေးအတွက် နည်းလမ်းရှာဖွေမည့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
၎င်းအနေဖြင့် ဗီယက်နမ်သို့ မကြာမီသွားရောက်မည်ဖြစ်ကာ ဗီယက်နမ်သည် နှစ်နိုင်ငံဆက်ဆံရေးကို အသွင်ပြောင်းလဲကာ မိတ်ဖက်နိုင်ငံဖြစ်လာရန် ဆန္ဒရှိနေသည်ဟု သြဂုတ်လအစောပိုင်းတွင် ဘိုင်ဒင်က ပြော ကြားခဲ့သည်။
အမေရိကန်နှင့် ဗီယက်နမ်တို့သည်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများတိုးမြှင့်လာသည့်အပြင် တရုတ်၏အင်အားကြီးထွားလာမှုကိုလည်း နှစ်နိုင်ငံစလုံးက စိုးရိမ်လျက်ရှိသည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာထရီလျံနှင့်ချီ ရှိနေသည်။
ထိုစဉ်အတောအတွင်း အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသနှင့် စီးပွားရေးနှင့် စစ်ဖက်ဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာအားကောင်းစေရန် သံတမန်ရေးအရ တွန်းအားပေးလုပ်ဆောင်လာခဲ့သည်။
ဧပြီလက ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် ဂျပန်သို့မသွားရောက်မီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဗီယက်နမ်တွင် ခရီးတစ်ထောက်ရပ်နားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ကတိပြုခဲ့သည်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan ၊ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘောများဖြစ်သည့် USS Antietam ၊ USS Robert Smalls တို့သည် ဇွန် ၂၅ ရက်က ဒါနန်မြို့ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ ယခုနှစ်ထဲတွင် ဗီယက်နမ်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၊ ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်၊ USAID အုပ်ချုပ်ရေမှူး ဆမန်သာပါ၀ါတို့လည်း လာရောက်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
