အပူပိုင်းမုန်တိုင်း အိုင်ဒါလီယာသည် သြဂုတ် ၂၈ ရက်က ကျူးဘားအနောက်ဖျားကို ဖြတ်သန်းသွားစဉ် အားကောင်းလာပြီး ဖလော်ရီဒါပြည်နယ်၏ Gulf ကမ်းရိုးတန်းကို ဦးတည်လျက်ရှိသည်။
မုန်တိုင်းကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်သော ဒီရေများနှင့် မုန်တိုင်းဒီရေတို့ဖြစ်လာလိမ့်မည်ဟု မိုးလေဝသခန့်မှန်းသူများက ခန့်မှန်းထားသည်။
သြဂုတ် ၃၀ ရက်တွင် ဟာရီကိန်းမုန်တိုင်းအဖြစ် ကုန်းတွင်းကို ဝင်လာနိုင်သော အပူပိုင်းမုန်တိုင်း အိုင်ဒါလီယာသည် မက္ကဆီကို ပင်လယ်ကွေ့တစ်လျှောက် ကြီးကြီးမားမားသက်ရောက်မှုများကို ဖြစ်လာစေနိုင်သည်ဟု ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သတိပေးပြောကြားသည်။ ဖလော်ရီဒါပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြသည်ဟုဆိုသည်။
“အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေနဲ့ အန္တရာယ်များတဲ့ လေပြင်းတွေဟာ ဖလော် ရီဒါဒေသတွေအတွက် ဖြစ်လာနိုင်ခြေများနေပါတယ်”ဟု အမျိုးသား ဟာရီကိန်းစင်တာ (NHC)က ဒေသစံတော်ချိန်ည ၈ နာရီတွင် နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ဒီဆန်းတစ်နှင့်စကားပြောထားပြီး ဖလော်ရီဒါပြည်နယ်အတွက် အရေးပေါ်ကြေညာချက်ကို အတည်ပြုထားသည်။ ထို့အပြင် ဖလော်ရီဒါကို ပြည့် ပြည့်ဝဝထောက်ပံ့မည်ဟုလည်း သမ္မတက ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။
ပူနေသော မက္ကဆီကိုပယ်လယ်ကွေ့ရေများက မုုန်တိုင်းကို အလွန်အားကောင်းစေမည်ဖြစ်သောကြောင့် ဖလော်ရီဒါ၏ Gulf ကမ်းရိုးတန်းရှိ ဒေသများအတွက် မုန်တိုင်းဒီရေ သတိပေးချက်များနှင့် ဟာရီကိန်းသတိ ပေးချက်များ ထုတ်ပြန်ထားသည်ဟု NHC က ပြောကြားသည်။
အမြင့်ဆုံး မုန်တိုင်း ဒီရေသည် မှီတင်းနေထိုင်သူ ၃ ဒသမ ၂ သန်းခန့်ရှိသော မြို့ပြရပ်ဝန်းဒေသကြီးဖြစ်သည့် တန်ပါဘေး မြောက်ပိုင်းတွင်ဖြစ်ပေါ်မည်ဟု NHCက ခန့်မှန်းထားသည်။ မြေပြင်အထက် ရှစ်ပေမှ ၁၂ ပေအကြားရှိမည့် ရေကြီးမှုဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
ရုတ်တရက် ရေကြီးခြင်းသည် ဖလော်ရီဒါအခြားဒေသများကို သက်ရောက်ဖွယ်ရှိနေသည်။ ဖလော်ရီဒါပြည်နယ်၏ ရှည်မျောမျောဒေသတွင်လည်း ရေကြီးနိုင်သည့်အပြင် ဂျော်ဂျီယာတောင်ပိုင်းတွင်လည်းရေကြီးနိုင်သည်ဟု NHCက ဖော်ပြထားပြီး သြဂုတ် ၃၀ တွင် ရေကြီးနိုင်သည်ဟု ဆိုသည်။
အမေရိကန်ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှုဌာန(FEMA)သည် မုန်တိုင်း ဝင်ရောက်မှုအတွက် ပြင်ဆင်လျက်ရှိပြီး ၎င်း၏ ဝန်ထမ်းအချို့ကို ဖြန့်ကြက်ထားသည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်အရ သိရသည်။
ကျူးဘားအာဏာပိုင်များက ပီနာဒယ်ရီယို၊ အာတီမီဆာပြည်နယ်တို့အတွက် သာ မကအစ္စလာဒီလာဂျူဗန်းတက်ကျွန်းအတွက်လည်း ဟာရီကိန်းသတိပေးချက်ကို ကြေညာထားသည်။
ကျူးဘားနိုင်ငံတွင် လူထောင်ပေါင်းများစွာသည် မုန်တိုင်းမလာမီ ဘေးလွတ်ရာရွှေ့ ပြောင်းခြင်းသို့မဟုတ် ထွက်ပြေးခြင်းတို့ရှိ နေသည်ဟု အာဏာပိုင်များနှင့်အစိုးရမီဒီယာတို့က ပြောကြားခဲ့သည်။
ကျူးဘားကို ဖြတ်ကျော်ပြီးနောက် အိုင်ဒါလီယာမုန်တိုင်းသည် Gulf(ပင်လယ်ကွေ့)ပေါ်က ဆက်လက်ရွေ့လျားမည်ဖြစ်ရာ ယင်းသို့ရွေ့လျားသည့်အခါ အဏ္ဏဝါအပူလှိုင်းဖြစ်လာမည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါအဏ္ဏဝါအပူလှိုင်းက ဖလော်ရီဒါကို ဦးတည်နေသော အိုင်ဒါလီယာမုန်တိုင်း၏ လေပြင်းများကို အားကောင်းစေမည် ဟုဆိုသည်။
မုန်တိုင်းသည် အပူချိန် ၃၁ ဒီဂရီဆဲလ်စီယပ်( ၈၈ ဒီဂရီဖာရင်ဟိုက်)ရှိသော ရေပြင်ပေါ်က ရွေ့လျားမည်ဟု NHC က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
