သြဂုတ် ၂၉ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့် အခြားကျွန်းများတွင် ပြင်းအား ၇ ဒသမ ၁ မဂ္ဂနီကျုရှိ အင်အားပြင်းဇောက်နက်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ လေ့လာရေးဌာန (USGS)၏ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်လှုပ်ခတ်မှုများကြောင့် အဆိုပါကျွန်းများတွင် လာရောက်အပန်းဖြေနေသည့် ခရီးသွားများသည် လမ်းပေါ်သို့ ကြောက်လန့်တကြား ပြေးထွက်ခဲ့ရသော်လည်း အပျက်အစီးကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်ဝန်းကျင်တွင် ဘာလီကျွန်း၏ အရှေ့မြောက်ဘက်ကမ်းလွန်နှင့် ၅၁၅ ကီလိုမီတာခန့်အကွာတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဘာလီကျွန်းအနှံ့အပြားနဲ့ အနီးနားရှိ လွန်ဘော့နဲ့ ဆမ်ဘာဝါကျွန်းတို့တွင်လည်း တုန်ခါမှုဒဏ်ကို ခံစားခဲ့ရသည်။
ဒုတိယအကြိမ် နောက်ဆက်တွဲငလျင်သည် ပထမအကြိမ်ထက် ပိုမိုပြင်းထန်ပြီး ပိုမိုကြာမြင့်သည့် တုန်ခါမှုများကို ဖြစ်ပေါ်စေသည်ဟု ဘာလီဒေသခံများက ပြောကြားခဲ့သည်။
"ပထမတစ်ကြိမ် ငလျင်လှုပ်တုန်းက လှေစီးနေတုန်း ယမ်းခါနေသလိုပါပဲ။ ဒုတိယတစ်ကြိမ်ကတော့ တစ်အိမ်လုံးတုန်ခါသွားတယ်" ဟု ၃၁ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ အာဒီလာ ယူလီယာစီထရာက ဆိုသည်။
ကနဦးငလျင်လှုပ်ခတ်ပြီး မိနစ်ပိုင်းအတွင်း ပြင်းအား ၅ ဒသမ ၄ မဂ္ဂနီကျုနဲ့ ၅ ဒသမ ၆ မဂ္ဂနီကျုရှိ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့သည်ဟု USGS က ထုတ်ပြန်ခဲ့သည်။
ဘာလီကျွန်းမှ လှေဖြင့်ခဏတာသွားလျှင် ရောက်ရှိသည့် လွန်ဘော့ကျွန်းနှင့် မလှမ်းမကမ်းရှိ ဂီလီကျွန်းစု၏ အရှေ့မြောက်ဘက် ၁၈၁ ကီလိုမီတာအကွာတွင် ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
