ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးများစွန့်ထုတ်ခဲ့ပြီးနောက် သံတမန်အဖွဲ့များနှင့် သံတမန်ကျောင်းများ ခဲများဖြင့် ပစ်ပေါက်ခံရသည့်ဖြစ်ရပ်များဖြစ်ပွားအပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ပြည်သူများ တည်ငြိမ်သောပုံစံ၊ စဉ်းစားချင့်ချိန်သောပုံစံဖြင့် ပြုမူစေရေးအတွက် ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။
ဂျပန်က ဖူကူရှီးမားနျူကလီးယားစက်ရုံမှ အအေးခံရေများ စတင်စွန့်ထုတ်လိုက်သောကြောင့် တရုတ်က အိမ်နီးချင်းဂျပန်နိုင်ငံမှ ပင်လယ်စာသွင်းကုန်အားလုံးကို လွန်ခဲ့သော သီတင်းပတ်တွင် ပိတ်ပင်ခဲ့သည်။ နျူကလီးယားစက်ရုံမှ ရေဆိုးများ စွန့်ထုတ်ခြင်းသည် ဘေးကင်းမှုရှိသည်ဟု ဂျပန်နှင့် ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအေဂျင်စီတို့က ပြောကြားထားသည်။
ယင်းသို့ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေးဆိုးစွန့်ထုတ်လိုက်ပြီးနောက်ပိုင်း ဂျပန်က တရုတ်တွင် နေထိုင်သော ၎င်း၏နိုင်ငံသားများ သိုသိုသိပ်သိပ်နေထိုင်ရန် တိုက်တွန်းထားပြီး စာသင်ကျောင်းများနှင့် သံတမန်အဖွဲ့များရှိရာ ဝန်းကျင်တွင် လုံခြုံရေးကို တိုးမြှင့်ထားသည်။ ဂျပန်နိုင်ငံရှိစီးပွားရေးလုပ်ငန်းများထံ တရုတ်ဖုန်းနံပါတ်များဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖုန်းခေါ်ဆိုမှုများ ရှိနေသည်။
“တရုတ်ကလာတယ်လို့ ယုံကြည်ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖုန်းခေါ်ဆိုမှုအများအပြားရှိနေပါတယ်။ ဂျပန်သံရုံးနဲ့ ဂျပန်ကျောင်းတွေကို ခဲနဲ့ပေါက်တဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။ အဲဒါတွေဟာ စိတ်ထိခိုက်စရာတွေဖြစ်တယ်လို့ ပြောရမှာပါ” ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သြဂုတ် ၂၈ ရက်တွင် ပြောကြားသည်။
“ကျွန်တော်တို့ ဒီနေ့မှာ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ တရုတ်ပြည်သူတွေ တည်ငြိမ်တဲ့ပုံစံ၊ စဉ်းစားချင့်ချိန်တဲ့ပုံစံနဲ့လုပ်ဆောင်ကြဖို့ သူ့ကို ကျွန်တော်တို့ ခိုင်ခိုင်မာမာတောင်းဆိုခဲ့ပါတယ်” ဟု ကီရှီဒါက သတင်းထောက်များကို ပြောကြားသည်။
“တရုတ်ဟာ သိပ္ပံနည်းကျအထောက်အထားတွေကို အခြေပြုထားခြင်းမရှိတဲ့ သတင်းအချက်အလက်တွေပေးခြင်းဖြင့် ပြည်သူတွေရဲ့ပူပန်မှုတွေကို မလိုအပ်ဘဲ မြင့်တက်လာအောင်လုပ်ဆောင်နေတာထက် ပြည်သူကို မှန်မှန်ကန်ကန်အသိပေးသင့်တယ်လို့ ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဆာတာကာအိုကာနိုက ဂျပန်နိုင်ငံဆိုင်ရာတရုတ် သံအမတ်ဝူကျန်းဟောင်ကို ပြောခဲ့ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
